Reshape Europe :

ဥရောပသည် ကြီးလေးသောစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး  ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နှင့် Covid ကပ်ရောဂါသည် လူသားများ၏ဘဝနှင့် လစ်ဘရယ်စနစ်အပေါ်ထိခိုက်စေသည့်လတ်တလောအကျပ်အတည်းများကို ဖြစ်နေစေသည်။ ကိုယ်ပိုင်နယ်နိမိတ်အတွင်း၊ ဒီမိုကရေစီဆန့်ကျင်ရေးနှင့် လစ်ဘရယ်ဆန်သော ဖွံ့ဖြိုးတိုးတက်မှုများသည် ကိုယ်တိုင်ကြွေးကြော်ထားသော တန်ဖိုးများအဖြစ် EU ကို စိန်ခေါ်လျက်ရှိသည်။ တစ်ဖက်တွင် လည်းအာဏာရှင်နိုင်ငံများနှင့် တစ်ဖက်တွင် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု ဖြစ်တည်လျက်ရှိပြီး   ကမ္ဘာ့ စည်းမျဉ်းသစ်မျာအရ အဆိုပါအချက်များသည် စိုးရိမ်ဖွယ်ရာအချက်များဖြစ်ပေါ်ေစပါသည်။ ဥရောပသည် ဤစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အောင်မြင်မှု ရှိမရှိသည်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။  အီးယူသည် လွတ်လပ်ပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းများသည် အဓိကစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး အဆင်သင့်ရှိကြောင်း ပြသရမည့်အချိန်လည်းဖြစ်သည်။

 

"Reshape Europe" ဟူသောဆောင်ပုဒ်အတိုင်း ဥရောပသည် ကမ္ဘာတစ်ဝှမ်းရှိ လွတ်လပ်ရေး၏ရန်သူများကို ရပ်တည်နိုင်ရန် ဥရောပကို ပိုမိုခံနိုင်ရည်ရှိစေမည့် ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စတင်လုပ်ဆောင်နေပါသည်။  အီးယူအား ပြည်တွင်း၌သာမက ပြင်ပတွင်ပါ အားကောင်းစေမည့် ရဲရင့်သောခြေလှမ်းများ လိုအပ်နေကြောင်း သက်သေတစ်ခုလည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဥရောပ၏ ကာကွယ်ရေး စွမ်းရည်များကို မည်သို့ အားကောင်းစေကာ လုံခြုံရေးမူဝါဒတွင် EU အား လေးနက်သော ကမ္ဘာလုံးဆိုင်ရာ ကစားသမားတစ်ဦး ဖြစ်စေနိုင်ဆိုသည်ကို မေးခွန်းထုတ်ရန်လိုအပ်သည်။  အီးယူ၏ စီးပွားရေးပါဝါကို ခိုင်ခံ့မှု၊ ကုန်ကြမ်းနှင့် စွမ်းအင် ထောက်ပံ့မှုသည် အာဏာရှင် အစိုးရများအပေါ် မှီခိုမှု နည်းပါးလာသည်။  EU က တခြားကမ္ဘာ့ဒေသတွေကနေ ဘာတွေသင်ယူနိုင်ပြီး  EU ကို နိုင်ငံရေးအရ အမှန်တကယ် ပေါင်းစည်းပြီး စည်းလုံးညီညွတ်မှုဖြင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လစ်ဘရယ်ကမ္ဘာ့စည်းမျဥ်းကို ကမ္ဘာ့ဇာတ်ဆောင်တစ်ဦးအနေဖြင့် ဘုံသဘောတူညီချက်ဖြင့် ခုခံကာကွယ်နိုင်စွမ်းရှိစေရန် မည်သို့ဆောင်ရွက်နိုင်မည်လဲဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။​