DE

women to women
နည်းပညာနယ်ပယ်က အမျိုးသမီးတစ်ဦးရဲ့ ခံယူချက်

khin

နည်းပညာနယ်ပယ်ထဲမှာ အမျိုးသမီးပေါင်းများစွာရှိတဲ့အနက်က ဒီတစ်လရဲ့ women to women အစီအစဥ်မှာတော့ senior mobile developer ၊  MSDT Training Center ရဲ့ Mobile App Mentor တစ်ဦးဖြစ်သူ မခင်စန္ဒာရဲ့ အင်တာဗျူး အစီအစ​ဥ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။  သူမဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နည်းပညာနယ်ပယ်ကို ဝင်ရောက်ချင်တဲ့ အမျိုးသမီးတွေအတွက် အကြံဥာဏ်တွေနဲ့ပတ်သက်ပြီး women to women အစီအစဥ်ကနေ တစ်ဆင့် သူမ ဝေမျှပေးခဲ့တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

မေး။ ။ အမရဲ့နာမည်နဲ့ အလုပ်ကို မိတ်ဆက်ပေးပါဦး?

ဖြေ။ ။ အမရဲ့နာမည်က မခင်စန္ဒာပါ။  အမက senior android mobile developer ပါ။ အမကိုတော့ ဒီ developer လောကမှာ i-women application ရေးတယ်ဆိုပြီး လူတွေသိကြတယ်ပေါ့နော်။ တချို့ hackathon ပြိုင်ပွဲတွေမှာ အမက Asian အဆင့်တွေမှာပြိုင်ရတယ်။ Falling Walls ပြိုင်ပွဲမှာလည်း ပြိုင်ခဲ့ဖူးပါတယ်။ အလုပ်အတွေ့အကြုံအရဆိုရင်လည်း အမက ၁၃ နှစ်ကျော်လောက်ရှိခဲ့ပြီပေါ့နော်။ ဒါကြောင့်မို့ နည်းပညာလောကမှာ အမလုပ်ခဲ့တဲ့ အလုပ်တွေကြောင့်မို့လို့ လူသိခဲ့တယ် ပေါ့နော်။ ပရိုဂရမ်ရဲ့ အစမှာပြောတဲ့ အမျိုးသမီးဆိုတဲ့စကားလုံးကိုအမအနေနဲ့ ၂၀၂၃ မှာနည်းနည်းတော့လန့်တယ်ပေါ့နော်။ အမတို့တွေကျော်ဖြတ်လာခဲ့ရတဲ့ crisis တွေရှိတယ်။ လူတွေမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေ ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ပိုပြီးတော့လူတွေမှာ အတိုက်အခိုက်တွေများလာတယ်။ စိတ်မရှည်နိုင်ကြတော့ဘူး။ ဒီအင်တာဗျုးမှာ အမက အမျိုးသမီးတစ်ယောက်ဆိုတာထက် အမဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ တွေပေါ်မှာ ဖြေပေးသွားမှာပါ။  အမက အခု ၂၀၂၃ မှာတော်တော်လေးကို ဘဝရဲ့ ပြောင်းလဲမှုတွေဖြစ်တယ်ပေါ့နော်။​ သေဆုံးခြင်း၊ရှင်သန်ခြင်းတွေ၊ တရားမှု၊မတရားမှုတွေကို အမတို့မြင်ရတယ်။ လူတွေရဲ့ ခံစားနေရတဲ့ဝေဒနာတွေကိုမြင်ရသလို ဒီကာလကြီးက သိပ်မကောင်းလို့ ကောင်းတာ၊မကောင်းတာတွေလည်း ကြုံတွေ့ရတယ်။ တစ်ဖက်မှာလည်း အခြေအနေတွအမျိုးမျိုးကြောင့်မို့လို့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖက်တွယ်ထားရသလို တခြားတစ်ဖက်မှာလည်း  ရင်ဆိုင်နေရတဲ့ ပြသနာတွေကို ရုန်းကန်နေကြရတယ်။ နည်းပညာဆိုင်မှာပြောရမယ်ဆိုရင်လည်းအမဘက်က လက်မလျော့ဘူး။ အရင်ကဆို project တွေအများကြီးရှိတယ်။ လုပ်သားအင်အားလည်း အများကြီးရှိတယ်။ အခုနောက်ပိုင်းကနိုင်ငံခြားကို အများကြီးထွက်ကြတယ်။ စိတ်လည်း တအားကျလာတယ်။ ဆိုတော့ မလုပ်နိုင်တဲ့သူတွေပိုများလာတယ်။ မြင်ရသလောက်က အရင်တုန်းကလောက်တော့ အခြေအနေမကောင်းဘူးလို့ ပြောချင်တယ်။ ဒါပေမယ့် အမတို့ IT မှာကျတော့ project အနည်းအကျဥ်းရှိတယ်။ ရေးနိုင်တဲ့သူတွေလည်းရှိတဲ့အတွက် အမလုပ်ငန်းကို ဆက်လုပ်နေတယ်။ ပြီးတော့ အမ သင်တန်းလေးဖွင့်လိုက်တယ်။ အမ လျှောက်လှမ်းခဲ့တဲ့ အတွေ့အကြုံတွေလည်း ပေးချင်တဲ့အတွက် အမက ကိုယ်ပိုင်သင်တန်းလေးတစ်ခု ဖွင့်လိုက်တယ်။ အမအနီးပတ်ဝန်းကျင်က လူငယ်တွေကလည်း လာသင်ကြတယ်။သင်ယူကြတယ်။ အမလည်းသူတို့ကိုသင်ရင်းနဲ့ sharpen the saw ပေါ့ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုစာသင်ရင်းနဲ့ အမကြိုက်နှစ်သက်တဲ့ အလုပ်ကိုတွေ့သွားတာပေါ့။ နောက်ပိုင်းမှာ အမအနေနနဲ့ laptop လေးတစ်လုံးနဲ့ လျှောက်သွားရင်းနဲ့လူငယ်တွေကို အတွေ့အကြုံ၊ပညာတွေကိုပေးလို့ရမယ်။ အဲ့ဒါလေးကို အမလောလောဆယ်ပျော်နေတယ်ပေါ့။ အမ တခုခု application ရေးတယ်ဆိုရင် အမက သက်ရောက်မှုကိုကြည့်တယ်ပေါ့နော်။ ဒီဟာလုပ်လိုက်ရင် အမမှာအကျိုးဘယ်လောက်ရှိမလဲ? ကိုယ်ဘယ်လောက်အားစိုက်ထုတ်လဲ။ ဖန်တီးပေးလဲ? စေတနာသန့်သန့်နဲ့ ethic ရှိရှိနဲ့ဖန်တီးလဲဆိုတဲ့ လူတွေအပေါ်မှာကောင်းကောင်းမွန်မွန် သက်ရောက်တဲ့ ဟာတွေကို ဖန်တီးတာမျိုးပေါ့။ အမလက်ရှိလုပ်နေတာဆိုရင်တော့ ဒါတွေပါ။

ma sandar 1

မေး။ ။ အမျိုးသမီးတွေက IT နယ်ပယ်မှာဆိုရင် ဘာလို့သိပ်မဝင်ကြတာလဲ? ဘာလို့ နည်းတယ်လို့ ထင်လဲ?

ဖြေ။ ။ ဒါကတော့ မေးခွန်းဟောင်းပေါ့နော်။ ဒီအတွက် ဖြေမယ်ဆိုရင်ကအချက်အလက် နဲ့ ဖြေတာပိုကောင်းမယ်။ IT သမားဖြစ်တဲ့အတွက် risk များတယ်။ အရင်က အမ ဒီမေးခွန်းတွေဖြေရင် အာပေါင်အာရင်းသန်သန်နဲ့ဖြေတယ်။ မြန်မာပြည်ရဲ့ နည်းပညာတက္ကသိုလ်တွေကို သွားကြည့်မယ်ဆိုရင်အမျိုးသမီးအရေအတွက်က များတယ်။ လုပ်ငန်းခွင်ဝင်တဲ့အမျိုးသမီးတွေကကျေတာ့ data နဲ့ပြောတဲ့သူတွေရဲ့စကားကိုပဲ လက်ခံစေချင်တယ်။အမျိုးသမီးတွေက IT ဘက်မှာမနည်းဘူး။ နာမည်ကြီးတာ မကြီးတာပဲ ကွာသွားတယ်ထင်တယ်။  နည်းပညာလောကက အစောကြီးတည်းက အမျိုးသားတွေကပိုပြီးနာမည်ရပြီးပိုပြီး လူသိများတာ၊ ပိုသိကြတာမျိုး  ဖြစ်တယ်။ ယောကျ်ားလေးပိုများတယ်။ အဲ့ဒါကြောင့်မိန်းကလေးတွေက ကမ္ဘာအထိရောက်ဖို့အတွက်ဆို မြန်မာပြည်ရဲ့ အချိုးအရဆိုရင်က နည်းနေသေးတာပေါ့နော်။ ဒါကြောင့် ငါကတော့ မိန်းကလေးမို့လို့ သိပ်မလုပ်နိုင်ဘူးဆိုတဲ့ အတွေးတွေမဖြစ်အောင် အမတို့က ဒီလို program တွေဖြစ်လာပဲလေ။ ဒီမေးခွန်းအတွက် အဖြေဆိုရင်တော့ ဒီလောက်ပဲ ပြောလို့ရတယ်ပေါ့။

ma khin sandar

မေး။ ။ နည်းပညာနယ်ပယ်ကို စပြီးဝင်မယ့် အမျိုးသမီးတွေအတွက် ဘယ်နေရာကနေ စလေ့လာသင့်တယ်။ ဘယ်လောက်အချိန်ပေးသင့်တယ်။ဘယ်နယ်ပယ်ကိုတော့ ဦးစားပေးလေ့လာသင့်တယ်ဆိုပြီး အမအနေနဲ့ အကြံပေးချင်လဲ?

ဖြေ။ ။ အမကိုလည်း ဂျူနီယာညမလေးတွေလာလာမေးတယ်။ ကွန်ပျူတာနဲ့ ကျောင်းပီးတဲ့ သူတွေရှိတယ်။ ကျောင်းမပြီးသေးတဲ့သူတွေအတွက်  ITPEC ပေါ့။​  IT passport ဆိုတဲ့ ၇ နိုင်ငံ အသိအမှတ်ပြုတဲ့ စာမေးပွဲတွေရှိတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကဆို လူငယ်လေးတစ်ယောက်ပေါ့။ သူ့မှာIT နဲ့ပတ်သက်တဲ့ ယုံကြည်ချက်မရှိဘူး။ ဘွဲ့ကလည်း အဝေးသင်နဲ့ပေါ့။ IT အတွေ့အကြုံ (၁၀)နှစ်ရှိတယ်။ အဲ့လိုလူတွေကအများကြီး။ အဲ့လိုလူတွေကိုအမက (၇)နိုင်ငံအသိအမှတ်ပြုတဲ့ စာမေးပွဲက ဖြေကို ဖြေသင့်တယ်ပေါ့။ အပြင်မှာ ကွန်ပျူတာ တက္ကသိုလ်မှာစာသင်နေတဲ့ဆရာမတွေက အလွတ်တန်းစာသင်နေတဲ့ဆရာမတွေကလေအတူတူ ဂိုက်လုပ်ပြီးေတာ့ကို ဖြေပေးနိုင်တယ်။ အဲ့ဟာကိုလည်းဒီသင်တန်းကို အအောင်ဆိုပြီး အပြင်မှာ ၁၀သိန်း၊ ၁၅ သိန်းယူနေတဲ့သူတွေလည်းရှိတယ်။ အပြင်က သင်တန်းတွေဆိုတာလည်း စျေးအရမ်းကြီးတာ။ ITPEC စာမေးပွဲ ဆိုတာ MICT park မှာစာမေးပွဲကို register လုပ်ပြီး ဖြေရုံပဲ။ သင်မယ်ဆိုရင်လည်း (၅)သိန်း၊ (၁၀)သိန်းပေးရတဲ့ သင်တန်းတွေကို အမကတော့ recommend မပေးဘူး။တချို့ကတော့ အလွတ်အောင်ချင်တယ်ဆိုပြီး သွားတက်တယ်ပေါ့။ သူ့မှာသင်ရတဲ့အပိုင်းလေးတွရှိတယ်။ ဒါပေမယ့်ကွန်ပျူတာ တက္ကသိုလ်ကဆရာမတစ်ယောက်ဆို ကောင်းကောင်းသင်ပေးနိုင်တယ်။ အမကေတာ့ software developer ကိုသင်တာပေါ့။ နည်းပညာရပ်ဝန်းက မဟုတ်တဲ့သူတွေက ဒီလို (၇)နိုင်ငံအသိအမှတ်ပြုတာကို ဖြေခိုင်းတာက ဂျပန်အတွက် ဖြေခိုင်းတာ။ ဂျပန်ထွက်လို့ရတယ်။ ဗီယက်နမ်ထွက်လို့ရတယ်။ အဲ့ဒီလက်မှတ်ရှိရင်က အဲ့ဒါလေးကိုယူ၊ ပြီးရင် ကွန်ပျူတာတက္ကသိုလ်က လက်မှတ်ရှိတဲ့သူတွေကတော့ ဂျပန်က ခေါ်ကိုခေါ်တယ်။ ပြီးတော့လေ လူတွေကဘာသာစကားကို ကြောက်ကြတယ်။ တကယ်က ဘာသာစကားက အသေကျက်ရတာ။ တကယ့်ကို အသေကျက်ပြီး အသေအသုံးချရမယ့်ဘာသာစကားကိုမလုပ်ဘဲနဲ့ လေ့လာလို့ မဆုံးတဲ့နည်းပညာကိုကျတော့ တစိုက်မက်မက်လေ့လာတဲ့အခါကျတော့ တချို့ဦးနှောက်တွေက မလေ့လာနိုင်တဲ့သူတွေရှိတယ်။ ဥာဏ်မကောင်းတဲ့သူတွေရှိတယ်။ ဘယ်လိုလူတွေအတွက် မဆို ဘာသာစကားက ဒါသိရင်ဒါသုံးကို သုံးရတယ်။ IT ကကျတော့ ဒါသိတယ်။အခုချိန်မှာသုံးလို့ရပေမယ့် နောင်တစ်ချိန်ကျရင်သုံးလို့မရတော့ဘူး။ လူတွေက ဒါကိုသိပ်မသိကြဘူး။ နိုင်ငံတကာကိုသွားတဲ့အခါ ဒါကျက်ရင်ဒါကိုပဲသုံးလို့ရတာကို ဘာလို့ အားမစိုက်ကြတာလဲလူတွေက။ နိုင်ငံခြားရောက်လို့ IT နဲ့အလုပ်မလုပ်ဘူးဆိုရင်တောင် လူတွေနဲ့ စကားပြောရင်းနဲ့မှ ဘာလုပ်ရမလဲဆိုတဲ့ communication ဆိုင်ရာတွေရှိတယ်။ soft skills ပေါ့။ အလုပ်မှာ communications လူရဲ အစွမ်းအစနဲ့ သွားတဲ့ soft skills က ကောင်းလို့ရှိရင် အလုပ်ရတယ်။ အသေလုပ်ရမယ့်ဟာကို အသေဖြည့်ပါ။ အနောက်နိုင်ငံတွေကို သွားမယ်ဆိုရင် စပိန်လိုစကား၊ ပြင်သစ်လိုစကားမျိုးကို မဖြစ်မနေတက်ရမယ်။ တက်အောင်လုပ်၊ English ကတော့ ကမ္ဘာသုံးပဲ။ လူငယ်တွေက စျေးဆစ်ကြတယ်။ သူ english အားနည်းတယ်ပေါ့။ အားနည်းလို့ မရတဲ့ခေတ်အခုက။ နည်းပညာအရမ်းတိုးတက်နေတော့ လူတွေက ဘာသာပြန် စက်လေးတွေနဲ့ သုံးကြတယ်။ အဲ့ဒါလေးတွေကို ဥာဏနဲ့ အသုံးချရမယ့် လူတွေက မဝယ်နိုင်တော့ အသေကျက်ရမယ့် ဘာသာစကားကို လုပ်ကိုလုပ်ရမယ်။ ကမ္ဘာသုံး ဖြစ်တဲ့ English စာကိုလည်း မလုပ်နိုင်ဘူးဆိုတာ ဖယ်ရမယ်။ အဲ့ဒါမို့ အမက soft skills ကိုအရင်ပြောတာ။ အမက software engineer ဖြစ်လို့ အဲ့လမ်းကြောင်းကို ပြောတာမဟုတ်ဘူး။အမတို့ရဲ့ software developer က ဘယ်နိုင်ငံကိုသွားသွားအလုပ်ရှိတယ်။ အလုပ်ခေါ်တာရှိတယ်။ ပြိုင်ဘက် လည်းရှိတယ်။ အမတို့ရဲ့ အဓိကပြိုင်ဘက်က အိန္ဒိယတွေနဲ့ အမတို့က ပြိုင်လျှောက်ရတာ။ နောက်ဖိလစ်ပိုင်တွေနဲ့ ပြန်လျှောက်ရတာ။ သူတို့ဆို English အရမ်းကောင်းတယ်။ ဒါပေမယ့် အခု အမတို့ရဲ့ Generation Z က English အရမ်းကောင်းတယ်။ Native နီးပါးကို ကောင်းတယ်။ အခုနကပြောတဲ့ software developer တို့engineer တို့က career passport ပေါ့။ ဘယ်နိုင်ငံသွားသွားမျက်စိမှိတ်သွားလို့ရတယ်။ ဘာသာစကားကိုကျ စျေးဆစ်လို့မရဘူး။ အရင်ဆုံး စားဝတ်နေရေးမှာတင်ဒုက္ခရောက်နိုင်သေးတယ်။ ဒါကြောင့် အသေကျက်ရင်အသေအသုံးချလို့ရတဲ့ ဘာသာစကားကို အရင်ဆုံး တက်မြောက်အောင်လုပ်ပါ။ ဘယ်နိုင်ငံသွားသွားလုပ်လို့ရတဲ့ အလုပ်ရှိသလို သက်သက်သာသာလုပ်လို့ရတဲ့အလုပ်တွေရှိတယ်။ ဖိစီးမှုသက်သာတဲ့အလုပ်တွေရှိတယ်။ ဖိအားတွေရှိတယ်။ ဘယ်အလုပ်မဆို သူတို့ကတန်အောင်ခိုင်းတာပေါ့။ စိတ်ဖိစီးမှု တွေ၊ ဖိအားတွေကို ကိုယ်က ချိန်ဆတက်ရမယ်။ ဘယ်အလုပ်ကိုတော့ လုပ်နိုင်တယ် မလုပ်နိုင်ဘူးပေါ့။ လူငယ်တွေရဲ့ ခေါင်းက ဘယ်မှာမဆို အသုံးချနိုင်တဲ့အတွက်ကြောင့် ငယ်သေးတဲ့အချိန်မှာအသုံးချလိုက်။ မြန်မာပြည်မှာကြီးတဲ့ကုမ္ပဏီတွေရှိတယ်။ International Telecom တွေရှိတယ်။ နောက်ဘဏ်တွေရှိတယ်။ နိုင်ငံတကာရဲ့ဟိုတယ်တွေ၊ ဘဏ်တွေက လုပ်ငန်းသဘောတရားကတူတူပဲ။ ကုမ္ပဏီကြီးတွေမှာသုံးတဲ့ software တွေနဲ့ နိုင်ငံတကာမှာသုံးတဲ့ software တွေနဲ့ အတူတူပဲ။ အလုပ်အတွေ့အကြုံယူ၊ နိုင်ငံတကာကိုခြေလှမ်းပေါ့။ ပြည်တွင်းက လူတွေက YOMA, CB, UAB တို့လို ကုမ္ပဏီတွေမှာ အလုပ်ဝင်လိုက်ရင် နိုင်ငံတကာ မှာလုပ်တဲ့ software တွေနဲ့ တူတူပဲ။ ticket flow တူတူပဲ။ နည်းပညာမဟုတ်တဲ့ ကုမ္ပဏီတွေလည်း တူတူပဲဒီလိုပဲ။ tickets နဲ့ ဖန်တီးအလုပ်လုပ်ပြီး နိုင်ငံတကာစံနှုန်း နဲ့အလုပ်လုပ်တာပဲ။ စံနမူနာအနေနဲ့ပဲပြောတာ။ ဒါတွေက ဒီလုပ်ပုံလုပ်နည်း တွေက ဒီနိုင်ငံက ကုမ္ပဏီတွေနဲ့ နိုင်ငံတကာနဲ့က တူတူပဲ။ မြန်မာလည်း တူတူပဲ။ဂျပန်လည်းတူတူပဲ။တိုးတက်မယ်ဆိုရင် အမတို့က ဝုန်းဆိုပြီးလည်းတိုးတက်နိုင်တယ်။ ကျော်လည်းကျော်နိုင်တယ်။ ခုက တန့်နေတာမလို့။ တန့်နေတာက ဟိုဘက်ကို ခုန်လို့ အဆင့်မီတယ်။ တန့်ရာကနေကျရင်သာ အမတို့လူငယ်တွေပိုဒုက္ခရောက်နိုင်တာ။ အမတို့ကြိုးစားပေးမှသာ လှမ်းခုန်လို့ ရတဲ့အဆင့်ကနေ တန်းတူသွားလာနိုင်တဲ့အဆင့်ကို ရောက်နိုင်မှာ။

ma khin sandar 3

မေး။ ။​ဒီကာလမှာ စိတ်ဓာတ်ကျနေတဲ့လူငယ်တွေရှိတယ်။ သူတို့အတွက် အားပေးစကားပြောပေးပါဦး?

ဖြေ။ ။ အမက စကားဦးသေချာပြောချင်တာက အမှားအယွင်းရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးပါလို့။ အခုခေတ်မှာက mental breakdown ဖြစ်နေတဲ့သူတွေ၊ suicide ဖြစ်ချင်တဲ့သူတွေ၊ counselling ယူနေကြတဲ့သူတွေအများကြီးပဲ။ အမလည်း counselling ယူဖူးတယ်။ စိတ်က အရမ်းကိုဂရုစိုက်ရတယ်။ လူတိုင်းမှာ mental issue ကရှိတယ်။ လူတိုင်းက တစ်ယောက်တစ်မျိုးဆီရူးသွပ်နေကြတာပဲတဲ့။ ရူးသွပ်ခြင်းကနေ အောင်မြင်တာရှိတယ်။ ကျဆုံးတာရှိတယ်။ အခုခေတ်ကြီးမှာ mental issue ရှိတာကပြသနာမဟုတ်ဘူး။ mental issue မရှိတာက ပြသနာလို့တောင် အမပြောဖူးသေးတယ်။ ဒါက စိတ်ဓာတ်ကျရမှာမဟုတ်ဘူး။ ရပ်နေရမှာမဟုတ်ဘူး။ ဆက်သွားရမှာ။ ငြိမ်နေရမှာမဟုတ်ဘူး။ ကျနေတယ်ဘာမှမလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်စေချင်တာ။ အကြံပေးချင်တာကကောင်းတဲ့ လမ်းညွှန်ပေးနေတဲ့သူတွေရှိတယ်။တကယ်တော်တဲ့သူတွေရှိတယ်။ အနှောင့်အယှက်တွေအရမ်းများတဲ့အခါ အထိရောက်ဆုံးနဲ့ အဓိကကတော့ တရားထိုင်တာပဲ။ နိုင်ငံတကာ ကုမ္ပဏီမှာလည်း တရားထိုင်ခိုင်းတာပဲ။ တရားထိုင်တာနဲ့ပတ်သက်ပြီးလည်း အစွန်းမရောက်ရဘူး။ အလယ်မှာပဲရှိရမယ်။ တရားစခန်းတွေမှာလည်း စိတ်ကို အတင်းထိန်းချုပ်ခိုင်းလို့ ဒုက္ခရောက်သွားတာတွေရှိတယ်။​ ဒီ ပြသနာကိုဖြေရှင်းဖို့အတွက် စာတွေဖတ်တဲ့အခါမှာ စာအဆိပ်မသင့်စေနဲ့ အစွန်းမရောက်စေနဲ့။ နိုင်ငံတကာနည်း ကတော့ တရားစခန်းတွေမှာ တရားထိုင်တာနဲ့ digital detox လုပ်တာပေါ့။ နားချိန်ယူတာ ခရီးထွက်တာပေါ့။ နောက်အိမ်မှာတင်ပဲ အဆင်ပြေတဲ့နည်းက တော့ ရေချိုးတာပဲ။ ကျန်းမာအောင်လည်းနေပါ။ ကိုယ့် ခန္ဒာကိုယ်ကိုသိရမယ်။ စိတ်ကိုသိရမယ်။ အဲ့နှစ်ခုတည်ငြိမ်မှ အလုပ်လုပ်ရင် တည်ငြိမ်တာ။ အမရဲ့ နည်းလမ်းကတော့  ရေချိုးတာ၊ရေချိုးရင်လူက လန်းဆန်းသွားတယ်။ အပူတွေပြောကြတယ် တနေ့လုံးမှာ အဲ့ဒါတွေအကုန်က ရေမချိုးခင်မှာလုပ်ပါ။​ရေချိုးပြီးတာနဲ့ စာလုပ်တာ၊ဘဝအတွက် တက်လမ်းဖြစ်တာမျိုးကို လုပ်တယ်ပေါ့။ အဲ့တော့ အမက ဟုတ်ပြီ ငါရေမချိုးခင်မှာ လုပ်စရာရှိတာလုပ်မယ်။ ရေချိုးပြီးရင် ငါ့ဘဝအတွက် တိုးတက်စရာရှိတာကိုလုပ်မယ်ပေါ့။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုသိအောင်လုပ်ပါ။ ခန္ဓာကိုယ်ရဲ့ sign ကိုသိအောင်လုပ်ပါ။ နိုးနိုးချင်းမှာ ဖုန်းကြည့်တဲ့အကျင့်က မကြည့်သင့်ဘူး။ နိုးနိုးချင်းမှာ တရားထိုင်တာ၊ ယောဂလုပ်တာမျိုးလုပ်ပါ။ တရားထိုင်တာလည်း ကိုယ်ထိုင်ချင်တဲ့စိတ်ရှိတဲ့အချိန်ဆိုထိုင်ပါ။ အဓိက က လေဝင်လေထွက်ကိုရှုဖို့ပေါ့။ အဲ့လိုလုပ်တဲ့အခါ မကောင်းတဲ့ဘက်ကို တွေးတာထက် ကောင်းတဲ့ဘက်ကိုကိုယ်တွေးမိတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ရေချိုးတာ၊ လမ်းလျှောက်တာ၊ ခရီးထွက်တာက body အတွက် mind အတွက်က တရားထိုင်တာမျိုးပေါ့။ အမလည်း ဒါတွေကိုလုပ်တာ အဆင်ပြေတဲ့အတွက် အခုလိုပြန်ပြောနိုင်တာ။ တကယ်လုပ်ပြီးတကယ်အဆင်ပြေတဲ့လူတွေရဲ့ စကားကို နားထောင်ပါ။ လိုက်လုပ်ကြည့်ပြီး အဆင်ပြေရင်လုပ်ပါ။ လူတွေအကုန်လုံးရဲ့ စိတ်တွေ၊ခန္ဓာကိုယ်တွေမလဲပြိုဘဲ တစ်ဦးချင်းစီ မလဲပြိုဘဲ ကျန်းမာနေမှ တခြားဘေးပယောဂတွေ မရောက်အောင် မတိုက်ခိုက််နိုင် မပျက်စီးနိုင်ဘူး။

ma khin

မေး ။ ။ တခြားပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ။ ။ အမက အရင်က အမျိူးသမီးအရေးဆို တက်ကြွတဲ့သူ။ အမခင်တဲ့သိတဲ့သူတွေသည် အမျိူးသမီးတွေများပါတယ်။ ဒါပေမယ့် issue တစ်ခု ကြောင့်မလို့ အမအနေနဲ့ အမျိူးသမီးအရေးတွေမှာ အမျိုးသမီး တွေကို ကိုယ်စားပြုပြီး အမ မပြောဘူး။ ဘယ်တုန်းကမှလည်း အမျိုးသမီးတွေကို ကိုယ်စားပြုပြီးတော့ အလွဲသုံးစားမလုပ်ဘူး။ စကားဦးမှာလည်း ပြောခဲ့သလို စကားပိတ်မှာလည်း စကားခံပါရစေ။ အမရဲ့ ခံယူချက်လည်းဖြစ်တယ်။ အမတို့သည် ကောင်းတဲ့ အရွေ့တစ်ခုဖြစ်အောင်ကြိုးစားတယ်။ ယောကျာ်း၊မိန်းမမခွဲခြားဘူး။ ကိုယ်စားမပြုဘူး။ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓာဖြစ်ပြီးကောင်းနေမှ အမတို့ ကျော်ဖြတ်နိုင်မယ်။ လူတွေအများကြီးနာမကျန်းဖြစ်ရင်က အကုန်က fail မှာပဲ။ မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်ပါ။ မိမိသည်သာ အခရာပါ။ ကိုယ့်ရှေ့ရေးအတွက် ရပ်မနေပါနဲ့ ကြိုးစားပါ။ အဆင်ပြေလာတဲ့  ကိုယ့်အပြုအမူကိုလည်း ကိုယ့် ရဲ့ society ကိုမျှဝေပါ။ အစွန်းမရောက်ပါစေနဲ့။ ဘယ်အရာကိုမှ အစွဲတွေနဲ့ အစွန်းမရောက်ဘဲ ရပ်တည်ပါလို့ပြောချင်ပါတယ်။

ma khin sandar 5