DE

နိုင်ငံရေးသတင်းများအား ရယူဖတ်ရှုနေမှုဆိုင်ရာ စစ်တမ်းကောက်ယူမှု အစီရင်ခံစာ

ဖြေဆိုသည့်လူငယ် ၁၅ ရာခိုင်နှုန်းသာ သတင်းအချက်အလက်စစ်ဆေးသည့် အုပ်စုများ၊ websiteများကို အသုံးချနေသည်ကို တွေ့ရသည်
fnfmyanmar

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးမဲပေးနိုင်မည့် အသက် (၁၈ မှ ၂၅) နှစ်အတွင်း လူငယ် ၅ သန်းခန့် ရှိပါသည်။ အဆိုပါလူငယ်များ၏ မဲများမှာ မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် မဲ ရလာဒ်အပေါ်တွင် ကြီးမားစွာ သက်ရောက်မှုရှိနေပါသည်။

ထိုလူငယ်တို့၏ မဲပေးမည့် ဆုံးဖြတ်ချက်မှာ ၎င်းတို့ ဖတ်ရှုနေသည့်၊ သတင်းရယူနေသည့် နိုင်ငံရေးသတင်းများကို  မည်သည့်သတင်းဌာနများမှ မည်သို့ရရှိနေသည်ဆိုသော အချက်က ထိထိရောက်ရောက် လွှမ်းမိုးမှုရှိနိုင်သည်ကို တွေ့ရပါသည်။

ဤအချက်သည် ကိုဗစ်ရောဂါပြန့်ပွားနေသည့် ယခုလိုအချိန်၊ မီဒီယာများ၏ အရေးပါမှု မြင့်မားလာချိန်တွင် ပိုမိုမှန်ကန်လျက်ရှိပါသည်။ ထို့ကြောင့် FNF မြန်မာ၏အကူအညီဖြင့် MID သည် မြန်မာနိုင်ငံရှိ လူငယ် ၁၃၄၀ ဦးကို စစ်တမ်းကောက်ယူကာ လူငယ်များ၏ နိုင်ငံရေးသတင်းများအား ရယူ၊ ဖတ်ရှုနေမှုအပေါ် မေးမြန်းခဲ့ပါသည်။

အဆိုပါစစ်တမ်းတွင် တွေ့ရှိခဲ့သည့် အရေးကြီးသည့် တွေ့ရှိချက်တစ်ခုမှာ လူငယ်များအနေဖြင့် သတင်းအချက်အလက်သိနားလည်မှုတွင် လိုအပ်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ သတင်း အချက်အလက်သိနားလည်မှုအပိုင်းတွင်  MID မှ တင်ပြထားသော စစ်တမ်းအရ   လူငယ်အများစုမှာ အမှတ်ပြည့် ၁၅ မှတ်အတွင်း ၆ မှတ်နှင့်အောက်သာ ရရှိကြောင်း တွေ့ရသည်။ ထိုအချက်ကြောင့် သတင်းအချက်အလက်သိနားလည်မှုနှင့် ပတ်သက်ကာ မည်သူတစ်ဦး၊ တစ်ယောက်မှ အမှတ်အများဆုံး မရခဲ့သည်ကို တွေ့ခဲ့ရပါသည်။

အထူးသဖြင့် လူငယ်များအတွက် အရေးကြီးဆုံးသော ကဏ္ဍဖြစ်သည့် သတင်းအရင်းအမြစ်ဖြစ်သော Social Media ကျွမ်းကျင်မှုနှင့် နားလည်တက်မြောက်မှုကို မြှင့်တင်ရန် လိုအပ်သည်ကို တွေ့ရှိခဲ့ရသည်။ လူငယ်ထက်ဝက်ကျော်သည် Social Media ပေါ်တွင် မကြာခဏ နိုင်ငံရေးအကြောင်းများကို ဖတ်ရှုနေကြပါသည်။ ယင်းတို့ ဖတ်ရှုနေသည့် သတင်းများမှာ နိုင်ငံရေးအဖွဲ့အစည်းများ၊ သတင်းဌာနများ၏ တရားဝင်စာမျက်နှာများမှမဟုတ်ဘဲ၊ တရားမဝင်သည့် ဆိုရှယ်မီဒီယာပေါ်ရှိ Interest Group များ၊ chat များမှ ဖတ်ရှုသည်ဟု ဖြေကြားထားပါသည်။ ကျောင်း (သို့) တက္ကသိုလ်များတွင် Social Media ၏အခန်းကဏ္ဍကို ဖြေကြားသူများအနက် ၆၈ ရာခိုင်နှုန်းကသာ ဆွေးနွေးကြသည်ကိုလည်း တွေ့ရပါသည်။

စိုးရိမ်စရာတစ်ခုမှာ ဖြေကြားသူသုံးပုံတစ်ပုံခန့်က သတင်းမှားဟုတ်/ မဟုတ် ဂရုမစိုက်ဘဲ သတင်းများကို ပြန်လည်ဝေမျှသည်ဟု ဖြေကြားထားခြင်းပင် ဖြစ်သည်။ နောက်ထပ် လူငယ် သုံးပုံတစ်ပုံမှာလည်း သတင်းများသည်  တိကျခြင်း ရှိ/ မရှိမှာ အရေးမကြီးဟု ဖြေကြားထားသည်။ ဖြေဆိုသည့်လူငယ် ၁၅ ရာခိုင်နှုန်းသာ သတင်းအချက်အလက်စစ်ဆေးသည့် အုပ်စုများ၊ websiteများကို အသုံးချနေသည်ကို တွေ့ရသည်။

လူငယ်များအနေဖြင့် Social Media အကြောင်း ပြောကြားသောအခါတွင် Facebook ကို အများဆုံး ရည်ညွှန်းကြသည်။ ဖြေကြားသူထဲမှ ၁ ရာခိုင်းနှုန်းခန့်ကသာ  Facebook ကို အသုံးမပြုဟုဆိုသည်။ သို့သော်လည်း စစ်တမ်းရလာဒ်များအရ လူငယ်အများစုသည် Facebook ၏ အလုပ်လုပ်ပုံကို နားလည်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် ဖြေကြားသူ သုံးပုံတစ်ပုံခန့်သည် ၎င်းတို့ဖတ်ရှုနေသည့် နိုင်ငံရေးသတင်းများကို Facebook မှ ကြိုတင်စစ်ဆေးပေးသည်ဟု ထင်နေကြသည်။

အံ့ဩစရာကောင်းသည့်အချက်မှာ နိုင်ငံရေးသတင်းများကို Social Media အပေါ်တွင် ဖတ်ရှုနေမှုသည် အရပ်ဘက်အဖွဲ့အစည်းများတွင် လူငယ်များပါဝင်နေမှု၊ လူမှုရေးလှုပ်ရှားမှုများတွင် လူငယ်များ ပါဝင်နေမှုနှင့် မသိမသာ ဆန့်ကျင်ဘက်အချိုးကျနေသည်။ ထို့ကြောင့် လူငယ်များသည် Social Media တွင် နိုင်ငံရေးသတင်းအများအပြား ဖတ်ရှုနေသော်လည်း ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုမှာ သတင်းဖတ်ရှုနေမှုနှင့် ဆက်စပ်မှု မရှိသလောက်ရှားသည်။  ဤတွေ့ရှိချက်သည် သိသာထင်ရှားမှု အလွန်အမင်းမများသဖြင့်၊ အခြားသုတေသနများဖြင့် ထပ်မံအတည်ပြုရန်နှင့် ရှင်းပြရန် လိုအပ်ပါသေးသည်။

မည်သို့ပင်ဖြစ်စေကာမူ၊ ယခုလေ့လာမှုစစ်တမ်းသည် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေရန် ရည်ရွယ်ထားသည်။ ဖြေကြားသူ၏ ၇၉ ရာခိုင်နှုန်းသော လူငယ်များအနေဖြင့် မဲပေးရန် ပြင်ဆင်နေသည်။ ၈၀ ရာခိုင်နှုန်းမှာ လူမှုလှုပ်ရှားမှုများတွင် ပါဝင်နေသည်။ ထို့အပြင် ထိုလူငယ်များသည် နိုင်ငံရေးသတင်းအချက်အလက်များကို လိုအပ်သည်ဟု စစ်တမ်းအရ သိရသည်။ ယခုလေ့လာမှုတွင် လူငယ်များအနေဖြင့် လူငယ်အုပ်စုကို ရည်ညွှန်း၊ အလေးပေးသော ခေါင်းစဉ်များနှင့် သေချာစုံစမ်းစစ်ဆေးထားည့် သတင်းများအစရှိသည့် အရည်အသွေးပြည့်ဝသော သတင်းထုတ်လုပ်၊ တင်ဆက်မှုများကို စိတ်ဝင်စားကြောင်းလည်း တွေ့ရှိရသည်။

ခြုံငုံကြည့်ရလျှင် နိုင်ငံရေးပညာပေး၊ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှု၊ မီဒီယာအရည်အသွေး ကောင်းမွန်မှုတို့ကို ပါတီများ၊ မီဒီယာများမှ လူငယ်များအတွက် ရည်ရွယ်သည့် စိတ်ဝင်စားဖွယ် ကောင်းသည့် လုပ်ဆောင်ချက်များဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်သည်။

အဓိကတွေ့ရှိချက်များ

ယေဘုယျ မီဒီယာအသုံးပြုမှု

  • လူငယ်များအကြား အသုံးပြုအများဆုံးမှာ Social Media ဖြစ်သည်။ ယင်းကို လက်လှမ်းအမှီဆုံး မီဒီယာအဖြစ်လည်း သတ်မှတ်ထားသည်။
  • နိုင်ငံပိုင်ရုပ်မြင်သံကြားကို ယုံကြည်အားကိုးရဆုံးသော မီဒီယာအဖြစ် အသိအမှတ်ပြုထားသည်။ သို့သော် မကြာခဏ ကြည့်ရှုခြင်းမရှိပါ။
  • လက်လှမ်းမှီမှုအနည်းဆုံးနှင့် အသုံးပြုမှုအနည်းဆုံး မီဒီယာမှာ ဂျာနယ်များဖြစ်သည်။ သို့သော် စာနယ်ဇင်းများကို ယုံကြည်အားကိုးရသည်ဟု မြင်ကြသည်။