DE

FallingWallsConference2019 တွင် ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသူအနိုင်ရ

ရင်ကွဲသရက်သီးအလေအလွင့်ဖြစ်နေမှုကို ဖြိုဖျက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ခဲ့ပါတယ်
falling walls 2020

ျာမနီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပမယ့် Falling Walls LAB  2019 မှာမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ယှဉ်ပြိုင်ဖို့အတွက်  ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးကို သြဂုတ်လ ၃၁ ရက်နေ့က ရွေးချယ်ခဲ့ပါတယ်။ 

 မြန်မာ့သရက်သီးမျိုးစိတ်ဖြစ်တဲ့ ရင်ကွဲသရက်သီးကနေ ဝိုင်ထုတ်လုပ်ဖု့ိ အိုင်ဒီယာကို တင်ဆက်ခဲ့တဲ့ မဝင်းနန္ဒာသက် ကို ဒိုင်တွေကနေသြဂုတ်လ ၃၁ ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ 
ရန်ကုန်နည်းပညာတက္ကသိုလ် မဟာတန်းကျောင်းသူတစ်ဦးဖြစ်တဲ့ မဝင်းနန္ဒာသက်ဟာ  (ရင်ကွဲသရက်သီး အလေအလွင့်ဖြစ်မှုကို ဖြိုဖျက်ခြင်း) breaking the wall of YinKwe Mango fruit wastage အမည်နဲ့သုံးမိနစ်စာ တင်ပြခဲ့ပြီးတော့  
မြန်မာနိုင်ငံမှာရှိတဲ့ ထုတ်ကုန်တစ်ခုကိုကိုယ်စားပြုနိုင်ခြင်း၊ဆန်းသစ်သောအတွေးအခေါ်ရှိခြင်း၊သုတေသနကောင်းမွန်စွာလုပ်ဆောင်ထားခြင်း၊  နောက်ဆက်တွဲဖြစ်လာနိုင်မယ့် ဆိုးကျိုးများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို ကောင်းမွန်စွာဖော်ပြနိုင်ခြင်း စတဲ့အချက်တွေကို အခြေခံပြီးတော့ နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်ပညာရှင်တွေက ဆုံးဖြတ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ သရက်သီးမျိုးစိတ်ပေါင်း ၃၀၀ ကျော်အထိရှိပြီးတော့ (၂၀၁၇ - ၂၀၁၈ )ခုနှစ်စာရင်းဇယားတွေအရ  သရက်သီးတန်ချိန် ၇ သိန်းအထိထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ စားသုံးမှုက ၄၅ ရာခိုင်နှုန်း၊ ပြည်ပတင်ပို့မှု ၇ ရာခိုင်နှုန်းနဲ့ အလေအလွင့်ဖြစ်မှုက  ၄၈ ရာခိုင်နှုန်း အထိရှိတယ်လို့ ဆိုပါတယ်။ 
အလေလွင့်ဖြစ်ရတဲ့ ၃၀ ရာခိုင်နှုန်းသော သရက်သီးတွေက ရင်ကွဲမျိုးစိတ်တွေဖြစ်ပြီးတော့ ပြည်ပတင်ပို့မှုနှုန်းထားမှာကော၊ ပြည်တွင်းက လူကြိုက်များမှု အနေအထားအရ ကော ရာနှုန်းအနည်းဆုံးဖြစ်နေပြီးတော့ အလေအလွင့်အများဆုံးဖြစ်ရတဲ့အချက်ဖြစ်ပါတယ်။ 
အလေအလွင့်ဖြစ်မှုအများဆုံးဖြစ်နေတဲ့ ရင်ကွဲသရက်သီးမျိုးစိတ်ကနေ ပြီးတော့ တန်ဖိုးမြင့်တဲ့ထုတ်ကုန်တွေအဖြစ်ပြောင်းလဲဖို့အတွက်က နည်းပညာကအဓိကလိုအပ်နေတယ်လို့လည်း သူမက ရှင်းပြခဲ့ပါတယ်။ 
ဒီအခက်အခဲကိုဖြေရှင်းနိုင်ဖို့ တစ်ထောင့်တစ်နေရာက စဉ်းစားရာမှာတော့ သူမအနေနဲ့ဝိုင်ကိုထုတ်လုပ်ဖို့အတွက် စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။
  လုပ်ငန်းစဉ်အပါအဝင် လိုအပ်တဲ့သုတေသနတွေကိုလည်း  တစ်နှစ်ခွဲကျော်အချိန်ယူခဲ့ပြီးတော့ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အလားတူပဲ ဝိုင်သောက်သုံးမှုက တစ်နှစ်ထက် တစ်နှစ် တိုးမြင့်လာတဲ့အတွက်ကိုလည်း ဒီလိုမြန်မာ့မျိုးစိတ်သရက်ကနေ ဝိုင်ထုတ်လုပ်ခြင်းအားဖြင့်ပြည်တွင်းထုတ်ကုန်ကနေတစ်ဆင့်  အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့ အထိလည်းသူမက ရည်ရွယ်ထားတယ်လို့ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
2019 ခုနှစ်အတွက် Falling Walls LAB ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့သူတွေအားလုံးမှာဆိုရင်   မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဘယ်လိုပြေလည်အောင်လုပ်ဆောင်မလဲဆိုတဲ့ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်များစွာပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ 
ပြိုင်ပွဲမှာ ဆုရရှိသူကို Falling Walls LAB Myanmar ကနေ 
ဘာလင်မှာပြုလုပ်မယ့် Falling Walls LAB ပြိုင်ပွဲမှာ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖို့ အတွက်လိုအပ်တာမှန်သမ ျှကို Friedrich Naumann Foundation ကနေ စီစဉ်ပေးမှာလည်းဖြစ်ပါတယ်။


Falling Walls LAB Myanmar အကြောင်း 

Falling Walls LAB Myanmar ကို မြန်မာနိုင်ငံက Friedrich Naumann Foundation For Freedom အဖွဲ့အစည်းက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ 
Falling Walls LAB Conference 2019 ကတော့ မျိုးဆက်သစ်လူငယ်တွေရဲ့ မတူကွဲပြားတဲ့ အတွေးအခေါ်တွေကို နိုင်ငံတကာစင်မြင့်ထက်မှာ ပြသနိုင်မယ့်အပြင် အဆက်အသွယ်ကောင်းတွေပါ ရရှိမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ရွေးချယ်ခံရသူက  ဂျာမနီနိုင်ငံ၊ဘာလင်ကို နိုဝင်ဘာ ၈ ရက်နေ့နဲ့  ၉  ရက်နေ့တွေမှာသွားရောက်ရမှာဖြစ်ပြီးတော့ နိုဝင်ဘာ ၉  ရက်နေ့မှာကျင်းပမယ့် Falling Walls LAB Conference 2019 မှာတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။