DE

Ecomomic course
လူငယ်များအတွက် စီးပွားရေးအခြေခံသင်ရိုးညွှန်းတမ်းများ မိတ်ဆက်ခြင်းအစီအစဉ်

Economic Course

သင်တန်းသားများ ဆွေးနွေးနေစဉ်

© FNFMyanmar 

 “ ဂိမ်းတွေနဲ့အတူသင်ကြားပေးမှုက ကျွန်မတို့ကို စီးပွားရေးအကြောင်းပိုနားလည်စေပြီးတော့ အတူဆွေးနွေးမှုတွေ၊အပြန်အလှန်သင်ကြားမှုစနစ်တွေနဲ့ တင်ပြချက်တွေက လည်းစီးပွားရေးဘာသာရပ်အကို ပိုမို ထိရောက်စေပါတယ်” လို့ သင်တန်းသူတစ်ဦးက မျှဝေပေးခဲ့ပါတယ်။

FNF မြန်မာမှ ပြင်ပတွင်ကိုယ်တိုင်တက်ရောက်ရသည့် အခြေခံစီးပွားရေးသင်ရိုးညွှန်းတမ်းများ မိတ်ဆက်သင်ကြားခြင်းကို စတင်ခဲ့ပါတယ်။

FNF မြန်မာက လူငယ်များနဲ့ လုပ်ငန်းခွင်ဝင်ရောက်နေသူများ အတွက် စီးပွားရေးအခြေခံသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါသင်တန်းဟာ ၂၀၂၀ ခုနှစ်အပြီးစတင်ခဲ့သည့် ပထမဆုံး လူတွေ့ သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။

ကိုဗစ်ရောဂါနှင့် အာဏာသိမ်းမှုေကြာင့် မြန်မာ့စီးပွားရေးဟာ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ စျေးနှုန်းမြင့်တက်လာမှုတွေ၊ နိုင်ငံခြားငွေလဲနှုန်းကျဆင်းမှုတွေနဲ့အတူ အလုပ်လက်မဲ့ပေါင်းများစွာ တိုးပွားလာမှုတွေကြောင့် ဖွံ့ဖြိုးရေး ဖြစ်စဉ်တွေဟာ ဝေးကွာနေဆဲဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုများနေတဲ့ကာလအတွက် နေ့စဉ်ဆုံးဖြတ်ချက်ချရာမှာ ပိုကောင်းတဲ့ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် လိုအပ်နေပါတယ်။ အဲ့ဒီလိုပဲ စီးပွားရေးဟာ နိုင်ငံတွင်းမှာဆိုရင် သီအိုရီပိုင်းဆိုင်ရာ လေ့ကျင့်မှုများအဖြစ်ရှုမြင်နေကြပြီးတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်ဖို့ ခက်ခဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေးပညာရပ်ဆိုတာဟာ နေ့စဉ်ကမ္ဘာ့အခြေအနေကို နားလည်ဖို့၊ မြန်မာပြည်တွင်းက အခြေအနေတွေကို သိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

fnf

သင်တန်းသားများ ဆွေးနွေးနေစဉ်

© FNFMyanmar

“ ဒီပညာရပ်က ကျွန်တော့်ကို စီးပွားရေးသီအိုရီတွေကို နားလည်စေဖို့၊ နဲ့ မြန်မာနဲ့ ဘယ်လိုဆက်သွယ်စေဖို့ ဆိုတာကို သိစေခဲ့ပါတယ်။ သင်ကြားပေးတဲ့ဆရာကလည်း စီးပွားရေးပညာရပ်ကို နားလည် သဘောပေါက်စေပြီးတော့  မြန်မာအခြေအနေတွေကို သိရှိနားလည်စေပါတယ်။ တက္ကသိုလ်တွေမှာ သင်ကြားတဲ့စီးပွားရေး ပညာရပ်က တခြားနိုင်ငံက အခြေအနေတွေကို သင်ကြားပေးတာပါ။ သူတို့ မြန်မာရဲ့ စီးပွားရေးအခြေအနေတွေကို သိပ်မသင်ကြပါဘူး။ ဒီမှာသင်တာက ကျွန်တေ့ာ်ကို မြန်မာပြည်တွင်းက စီးပွားရေး အခြေအနေတွေကို ပိုသိရှိစေပါတယ်” လို့ တက်ရောက်သူတစ်ဦးက ဝေမျှပေးခဲ့ပါတယ်။

 “ ဂိမ်းတွေနဲ့အတူသင်ကြားပေးမှုက ကျွန်မတို့ကို စီးပွားရေးအကြောင်းပိုနားလည်စေပြီးတော့ အတူဆွေးနွေးမှုတွေ၊အပြန်အလှန်သင်ကြားမှုစနစ်တွေနဲ့ တင်ပြချက်တွေက လည်းစီးပွားရေးဘာသာရပ်အကို ပိုမို ထိရောက်စေပါတယ်” လို့ သင်တန်းသူတစ်ဦးက မျှဝေပေးခဲ့ပါတယ်။

တခြားသော သင်တန်းတွေနဲ့မတူဘဲ လက်ရှိမြန်မာပြည်ဖြစ်စဉ်တွေအကြောင်းကို အတန်းတွင်းစုဖွဲ့စနစ်တွေနဲ့ အုပ်စုလိုက်သင်ကြားခြင်းက မြန်မာ့လက်ရှိအခြေအနေကို သိသာထင်ရှားစေတဲ့ စနစ်တွေနဲ့အတူ ဒီသင်တန်းက ဂိမ်းတွေ၊ သင်ကြားမှုတွေ၊အုပ်စုဖွဲ့သင်ကြားမှုတွေက ထိရောက်မှုရှိစွာ ချိတ်ဆက်မိပါတယ်။ ဒါကြောင့် ပိုပိုချိတ်ဆက်မိစေဖို့ သင်ရိုးစနစ်က ပြုလုပ်ထားတယ်ဆိုတာလည်း တွေ့ရပါတယ်။

“ အခြားသင်တန်းတွေနဲ့ မတူတာက ဒီသင်တန်းက လူတွေအားလုံးသိဖို့လိုတဲ့ စီးပွားရေးအကြောင်းကို စိတ်ဝင်စားဖွယ်ရာဖြစ်နေပြီးတော့ သင်တန်းသင်ရိုးနဲ့ဆရာကလည်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်နေပါသေးတယ်။ ဒီသင်တန်းကို ပိုပျော်ဖို့ကောင်းအောင်၊ လက်တွေ့ကျအောင်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင် သင်ကြားပေးထားတာပါ” လို့ FNFMyanmar ရဲ့ ပရိုဂရမ်မန်နေဂျာ Biak Hlei Sung ကပြောပါတယ်။

တက်ရောက်သူတွေကိုတော့ ေကျာင်းသားတွေနဲ့၊ အခြေအနတွေကြာင့် ကျောင်းမတက်နိုင်သူတွေကို ဦးစားပေးတက်ရောက်စေတာဖြစ်ပြီးတော့ သူတို့ရဲ့ဘာသာစကားစွမ်းရည်တိုးတက်စေဖို့နဲ့ ပညာရေးအခွင့်အလမ်းပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ဝင်နေသူတွေကိုပါ ရွေးချယ်ထားပြီးတော့ သူတို့ရဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေမှာပါ တိုးတက်မှုရှိစေဖို့ ရည်ရွယ်ထားပါတယ်။