DE

သတင်းအမှားတွေ ဘယ်လိုခွဲခြားမလဲ ?

ကျွန်တော့်အနေနဲ့သတင်းတုတွေလို့တောင်မခေါ်ချင်ဘူး။တကယ်တမ်းက အဲ့ဒါတွေက အလိမ်အညာတွေပဲ။ (ဦးစိန်ဝင်း - Journalism Advisor, Internews)

"ကျွန်တော့်အနေနဲ့သတင်းတုတွေလို့တောင်မခေါ်ချင်ဘူး။တကယ်တမ်းက အဲ့ဒါတွေက အလိမ်အညာတွေပဲ။ အစုအဖွဲ့နဲ့ ပြစ်မှုကျူးလွန်တာပဲ။ လူအများစုစိတ်ဝင်စားနေတဲ့ ကိစ္စတွေအပေါ်ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာပြီး အတုတွေထုတ်ပြန်တာပဲ။ သတင်းတုတွေဘယ်လိုခွဲခြားမလဲဆိုရင်တော့ ကိုယ်ပိုင်ဆန်းစစ်နိုင်စွမ်းရှိဖို့ကပဲ အဓိကကျတယ်။ ကိုယ်ယုံကြည်ချင်တာတွေချည်းပဲ ယုံကြည်လို့မရဘူး။ သတင်းအမှားတွေဆိုတာ သိနိုင်ဖို့က နည်းလမ်းတွေရှိပါတယ်။ ဥပမာဆိုရင် - ဒီသတင်းကို မကြားဖူးသေးဘူး ဆိုရင် အွန်လိုင်းမှာ ပိုပြည့်စုံအောင်အရင်ရှာပါ။ ရေးတဲ့သူကို ပြန်စစ်ပါ။ ရေးထားတဲ့ အကြောင်းအရာတွေကို သေချာပြန်ဖတ်ပါ။နောက်ပြီး သူသုံးထားတဲ့ သတင်းအရင်းအမြစ်တွေနဲ့ ပြောစကားတွေကို သေချာဆန်းစစ်ပါ။ တကယ့် သတင်းစာပညာရပ်က သတင်းတုတွေနဲ့ အကွာကြီးကွာခြားပါတယ်။ အချိန်ရတယ်ဆိုရင်တော့ အချက်အလက်စစ်ဆေးသူတွေ ဆီမှာလည်းမေးမြန်းနိုင်ပါတယ်။

သတင်းမှားတွေက နိုင်ငံရေးအစီအမံကြီးကြီးမားမားနဲ့ အွန်လိုင်းစာမျက်နှာတွေထက်မှာပေါ်လာလေ့ရှိပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ သတင်းမှားတွေကို များသောအားဖြင့် ရိုဟင်ဂျာအရေး၊မွတ်ဆလင်အဓိကရုဏ်း နဲ့ ရွေးကောက်ပွဲကာလအတောအတွင်းမှာ တွေ့  ရလေ့ရှိပါတယ်။အထူးသဖြင့်သူတို့တွေက Facebook ပေါ်မှာ အများဆုံးဖြန့်လေ့ရှိကြပြီးတော့ သတင်းအချက်အလက်အလွဲအမှားတွေ နဲ့ သတင်းတုတွေအဖြစ်နဲ့ ဆိုရှယ်မီဒီယာကို အသုံးချကြတာဖြစ်ပါတယ်။ ဒီလိုသတင်းမှားဖြန့်ချိလေ့ရှိတဲ့ကမ်ပိန်းတွေရဲ့လေးနက်မှုပေါ်မူတည်ပြီးတော့ စိတ်ဝင်စားကြသူအုပ်စုတွေက အချိန်များများယူရတာတွေ အနည်းငယ်ယူရတာတွေနဲ့ ကွာဟချက်ရှိပါတယ်။