ရန်ကုန်
ဖရီးဒရစ်(ချ်) နောင်းမန်းဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ စျေးကွက် စီးပွားရေးစနစ်ကို တည်ထောင်ရာတွင် အခြေခံအုတ်မြစ်ခိုင်မာအောင် အားပေးကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ဖောင်ဒေးရှင်း၏ မြန်မာပြည်ရုံးကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ကျွန်ုပ်တို့၏အလုပ်နှင့်ပတ်သက်ပြီးမေးမြန်းစုံစမ်းလိုသည်များရှိပါက ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ရုံးအဖွဲ့ဝင်များအကြောင်းသိရှိလိုပါကဤနေရာတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
News
-
ဘာလင်ရှိ Falling Walls Lab ကို သွားရောက်မည့်သူတစ်ဦးအား FNF မြန်မာ ထုတ်ဖော်
ဆုပြည့်စုံဟာ ဂျာမနီနိုင်ငံရှိ Falling Walls Global Lab တွင် ပါဝင်ရန် FNF Myanmar မှ ရန်ပုံငွေထောက်ပံ့တဲ့ ဘာလင်မြို့ကို သွားရောက်တဲ့လက်မှတ်ကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ “အရည်အချင်းရှိတဲ့အမြင်တွေနဲ့အတူ ကမ္ဘာတဝှမ်းကလူတွေနဲ့ ကွန်ရက်ချိတ်ဆက်ရတာက ကျွန်မရဲ့အိပ်မက်ပါပဲ” ဟု နိုဝင်ဘာလတွင် ဂျာမနီနိုင်ငံရှိ Global Lab ကို သွားရောက်မယ့် ဆုပြည်စုံက မျှော်လင့်ထားပါတယ်။
-
ကော်ဖီစေ့များကြားထဲက အမျိုးသမီးတစ်ဦး
“ကော်ဖီလှော်ရင်းနဲ့ရှာတွေ့လာတာက တရားထိုင်သလိုပဲ။ ကော်ဖီလှော်နေရင်း၊ ကော်ဖီစေ့ရွေးနေရင်းနဲ့ အချိန်ကုန်ရတာက အမအတွက် တခြားကမ္ဘာမှာဘာကိစ္စမှ မရှိတော့သလိုပဲ။ ကော်ဖီေကာင်းတယ်၊ ထိုင်လို့မကောင်းဘူး။ ကော်ဖီ မကောင်းဘူး၊ ထိုင်လို့ကောင်းတယ် အဲ့ ၂ ခုက ဆုံဖို့ ခက်တယ်”
-
ရာသီဥတုပြောင်းလဲခြင်းနှင့်အမျိုးသမီးများ
ရာသီဥတုပြောင်းလဲခြင်းအကြောင်းအရာများကို အသိပညာပေးနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒီတစ်ပတ်ရဲ့ women to women အစီအစဥ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
-
မိခင်တစ်ဦးဖြစ်သလို စီးပွားရေးဘက်မှာလည်း မျှတအောင်လုပ်ဆောင်နေတဲ့ mommy blogger တစ်ဦးဖြစ်သူ မမြဘုန်းဆင့်နှင့်တွေ့ဆုံခြင်း
အဲ့ဒီကနေ အံ့ဩသွားတာ ကိုယ့်လိုဘဝတူမိခင်တွေ ပတ်ဝန်းကျင်မှာ အများကြီးပဲဆိုတာသိလိုက်ရတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး သူတို့လည်းအတူတူပါပဲဆိုတဲ့စိတ်က မိခင်ဘဝမှာ အချင်းချင်း အင်အားတွေပေးလိုက်သလိုပါပဲ။ ဒီကနေစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိဘတွေနဲ့ ကလေးငယ်လေးတွေအတွက် အမရဲ့အတွေ့အကြုံတွေ tips လေးတွေနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ စာတွေ vlog တွေ မျှဝေပေးဖြစ်ခဲ့တာပါ။
-
အမျိုးသမီးများနဲ့ ကျန်းမာကြံ့ခိုင်ခြင်း
အမျိုးသမီးတွေအတွက် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်မှုက အရေးကြီးသလို ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကလည်း အဓိကကျပါတယ်။ စိတ်နဲ့ခန္ဒာကျန်းမာမှသာ မိမိကိုယ်တိုင်အပြင် မိမိပတ်ဝန်းကျင်ကိုပါ ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်လရဲ့ women to women အစီအစဥ်အတွက် တင်ဆက်ပေးမယ့်သူကတော့ live, love & life ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်ပြီး Fitness နဲ့ပတ်သက်ပြီးသင်ကြားပေးနေသူတစ်ဦးလည်း ဖြစ်တဲ့ NC Moe ကို အမျိုးသမီးတွေအတွက် ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
-
သဘာဝပတ်ဝန်းကျင် သင်ရိုးညွှန်းတမ်းကို ကျောင်းများတွင် ထည့်သွင်းသင်ကြားနိုင်ရန် ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်သူ Falling Walls Lab Myanmar 2023 ပြိုင်ပွဲတွင် အနိုင်ရရှိ
သဘာဝပတ်ဝန်းကျင်အတွက် ရည်ရွယ်သည့် သင်ရိုးညွှန်းတမ်းများကို ကျောင်းများတွင် ပြန်လည် သင်ကြားပေးရန် ရည်ရွယ်သည့် ပရောဂျက်၊ အာဟာရ မလုံလောက်မှုပြသနာကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်သည့်ပရောဂျက်၊ မြန်မာ့ထန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို တင်ပြရန်ရည်ရွယ်သည့် ပရောဂျက်စသည့် ပရောဂျက် ၃ ခုတို့မှ ပထမ၊ ဒုတိယ၊ တတိယ အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
-
နည်းပညာနယ်ပယ်က အမျိုးသမီးတစ်ဦးရဲ့ ခံယူချက်
နည်းပညာနယ်ပယ်ထဲမှာ အမျိုးသမီးပေါင်းများစွာရှိတဲ့အနက်က ဒီတစ်လရဲ့ women to women အစီအစဥ်မှာတော့ senior mobile developer ၊ MSDT Training Center ရဲ့ Mobile App Mentor တစ်ဦးဖြစ်သူ မခင်စန္ဒာရဲ့ အင်တာဗျူး အစီအစဥ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ သူမဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နည်းပညာနယ်ပယ်ကို ဝင်ရောက်ချင်တဲ့ အမျိုးသမီးတွေအတွက် အကြံဥာဏ်တွေနဲ့ပတ်သက်ပြီး women to women အစီအစဥ်ကနေ တစ်ဆင့် သူမ ဝေမျှပေးခဲ့တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
Focus
Our Experts
Most popular
-
As a Blockade and a Global Hunger for Minerals devastated MYANMAR
MYANMAR -
Indonesia's Human Rights Due Diligence Guideline for Businesses
Business and Human Rights -
Zimbabwe’s young innovators bring home grown breakthroughs to the global stage
Breaking Barriers -
Lithuanian Riflemen’s Union: Mobilising Lithuanian citizens for total defense - not only with rifles
Total Defence