Falling Walls Lab
သဘာဝပတ်ဝန်းကျင် သင်ရိုးညွှန်းတမ်းကို ကျောင်းများတွင် ထည့်သွင်းသင်ကြားနိုင်ရန် ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်သူ Falling Walls Lab Myanmar 2023 ပြိုင်ပွဲတွင် အနိုင်ရရှိ

falling walls myanmar 2023

“ Falling Walls Lab ကို မြန်မာနိုင်ငံမှာ Friedrich Naumann Foundation က နှစ်စဥ် ဦးစီးကျင်းပတာဖြစ်ပါတယ်။ ၂၀၁၆ ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင် ၇ ကြိမ်မြောက် ရှိပါပြီ“ လို့ Falling Walls Lab Myanmar ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်သူဟိန်းက ပြောပါတယ်။

Falling Walls Lab Myanmar

၂၀၂၃ ခုနှစ် Falling Walls Lab Myanmar ပြိုင်ပွဲမှာ အစားအသောက်၊ AI နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ၊ ပလက်စတစ်အစားထိုး သဘာဝပတ်ဝန်းကျင်အကျိုးပြု ပစ္စည်းထုတ်လုပ်ဖန်တီးခြင်း စတဲ့ အတွေးအခေါ် တင်ပြမှုပေါင်း ၁၅ ခုကို ပါဝင်ယှဥ်ပြိုင်သူများက တင်ပြခဲ့တာဖြစ်ပြီးတော့ အဆိုပါ အတွေးအခေါ်လုပ်ဆောင်ချက်များအနက် သဘာဝပတ်ဝန်းကျင်အတွက် ရည်ရွယ်သည့် သင်ရိုးညွှန်းတမ်းများကို ကျောင်းများတွင် ပြန်လည် သင်ကြားပေးရန် ရည်ရွယ်သည့် ပရောဂျက်၊ အာဟာရ မလုံလောက်မှုပြသနာကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်သည့်ပရောဂျက်၊ မြန်မာ့ထန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို တင်ပြရန်ရည်ရွယ်သည့်  ပရောဂျက်စသည့် ပရောဂျက် ၃ ခုတို့မှ ပထမ၊ ဒုတိယ၊ တတိယ အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

few 34

ယခုနှစ် Falling Walls Lab ၏ ထူးခြားချက်မှာ ယခင်ကဲ့သို့ ပထမအနေဖြင့် ရွေးချယ်ခံရသည့် ပရောဂျက်တခုသာ ဂျာမနီနိုင်ငံသို့ သွားရောက်ခွင့်ရရှိခြင်းမဟုတ်တော့ဘဲ ပထမနှင့် ဒုတိယရရှိသူ ၂ ဦးလုံး ဂျာမနီနိုင်ငံတွင်ကျင်းပမည့် Falling Walls Lab ပြိုင်ပွဲတွင်သွားရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

Falling Walls Lab ဟာ လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲလိုချင်သူတွေ၊ ကောင်းမွန်ထူးချွန်တဲ့ အတွေးအခေါ်ရှိသူ လူငယ်တွေရဲ့ သုတေသနတွေနဲ့ ရှေ့ပြေးအကြံဥာဏ်ရှိသူတွေရဲ့ အိုင်ဒီယာတွေကို တင်ပြခွင့်ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Falling Walls 4

Falling Walls Lab Myanmar Event 2023

At this point you will find an external content that complements the content. You can display it with one click.