FALLING WALLS LAB
ဘာလင်ရှိ Falling Walls Lab ကို သွားရောက်မည့်သူတစ်ဦးအား FNF မြန်မာ ထုတ်ဖော်

Participants Waiting for the Announcement of A Winning Idea for Falling Walls Lab Myanmar 2024
© Friedrich Naumann Foundation for Freedom (Myanmar Office)Friedrich Naumann Foundation for Freedom (FNF Myanmar) ကနေဦးစီးပြီး ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အဋ္ဌမအကြိမ်မြောက် Falling Walls Lab ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပခဲ့ပါတယ်။ Falling Walls Lab Myanmar ဟာ ဆန်းသစ်တီထွင်သူများနှင့် ဥာဏ်ရည်ကြီးမားသူများ၏ ခေတ်ပြိုင်ပြဿနာများကို ဖြေရှင်းနိုင်တဲ့ အတွေးအခေါ်များအား ချပြယှဥ်ပြိုင်တဲ့ နှစ်စဥ်ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ Myanmar Lab မှာ ပထမနေရာကို ဝင်ရောက်ယှဉ်ပြိုင်ရန် သင်တန်းသား ၁၂ ဦး သေချာဆန်းစစ်ပြီး ရွေးချယ်ထားခဲ့ပါတယ်။ တစ်ဦးချင်းစီဟာ မိမိစိတ်ကူးကို slide ၃ ခုဖြင့် ၃ မိနစ်အတွင်း ရှင်းပြရမှာဖြစ်ပြီး၊ ဒိုင်လူကြီးများ၏ မေးခွန်းများကို ဖြေရန် ၅ မိနစ်ခန့် ရရှိပါတယ်။ မိမိ၏ အတွေးကို ရိုးရှင်းစွာ ဖန်တီးရန်မှာ လွယ်ကူသောခရီးတော့ မဟုတ်ပါဖူး။ ဒီလိုခက်ခဲတဲ့ ပြိုင်ပွဲမှာတော ပါဝင်သူတစ်ဦးက ဒိုင်လူကြီးများအားလုံးရဲ့ နှလုံးသားကို ဆုပ်ကိုင်ပြီး အနိုင်ရရှိကာ ဘာလင်မြို့ရှိ Global Lab တွင် Myanmar Lab ကိုယ်စားပြုဆုရှင်အဖြစ် သွားရောက်ခွင့်ရခဲ့တာဘဲ ဖြစ်ပါတယ်။
အရမ်းပျော်တာဘဲ။ ကျွန်မက ကျွန်မ presentation ကို ပရိတ်သတ် အလွယ်တကူ နားလည်နိုင်ဖို့ ကျွန်မရဲ့စိတ်ကူးနဲ့ ကိုယ်လိုချင်တဲ့ style ကို ရှင်းလင်းနားလည်အောင် ပေါင်းစပ်ပြီး တင်ပြထားတာဖြစ်ပါတယ်။

Falling Walls Lab Myanmar 2024
Melia Hotel, Yangon| August 31 2024
© Friedrich Naumann Foundation for Freedom (Myanmar Office)ဆုပြည့်စုံဟာ ဂျာမနီနိုင်ငံရှိ Falling Walls Global Lab တွင် ပါဝင်ရန် FNF Myanmar မှ ရန်ပုံငွေထောက်ပံ့တဲ့ ဘာလင်မြို့ကို သွားရောက်တဲ့လက်မှတ်ကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ “အရည်အချင်းရှိတဲ့အမြင်တွေနဲ့အတူ ကမ္ဘာတဝှမ်းကလူတွေနဲ့ ကွန်ရက်ချိတ်ဆက်ရတာက ကျွန်မရဲ့အိပ်မက်ပါပဲ” ဟု နိုဝင်ဘာလတွင် ဂျာမနီနိုင်ငံရှိ Global Lab ကို သွားရောက်မယ့် ဆုပြည်စုံက မျှော်လင့်ထားပါတယ်။
သူမရဲ့ အောင်မြင်တဲ့စိတ်ကူး "မျိုးဆက်ပွားကျန်းမာရေးကွာဟချက်နံရံကိုဖောက်ထွင်းခြင်း" အိုင်ဒီယာက ဆယ်ကျော်သက်မိန်းကလေးများအား အထူးသဖြင့် ရှေးရိုးစွဲလူ့အဖွဲ့အစည်းများမှာ မျိုးပွားမှုဆိုင်ရာကျန်းမာရေးအသိပညာပေးရန်အတွက် သူမ၏ဘွဲ့ကြိုသုတေသနအလုပ်တစ်ခုဖြစ်ပါတယ်။ ဆုဟာ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုကြောင့် မျိုးပွားမှုဆိုင်ရာပြောဆိုမှုများကို တားမြစ်ထားမှုများဟာ ရာသီလာခြင်းနှင့် ပတ်သက်တဲ့ ပြဿနာများ၊ မလိုချင်ဘဲ ကိုယ်ဝန်ရှိခြင်း၊ အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှု၊ လိင်ကတဆင့် ကူးစက်တတ်သော ရောဂါများကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိကအချက်အဖြစ် ထောက်ပြခဲ့သည်။ ဆုက ဆယ်ကျော်သက်မိန်းကလေးများ မိမိရာသီစက်ဝန်းကို ခြေရာခံနိုင်ကာ ခန္ဓာကိုယ်ပိုင်းပြောင်းလဲမှုများနှင့် သက်ဆိုင်ရာ အကြောင်းရင်းများကို လေ့လာနိုင်တဲ့ အွန်လိုင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနိုင်တဲ့ AI ပလပ်ဖောင်းတစ်ခုကို မိတ်ဆက်ပေးခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ကျွမ်းကျင်အကူအညီနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် သူစိမ်းများနှင့် လူမြင်ကွင်းတွင် လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအကြောင်း ပြောဆိုရန် ကြောက်ရွံ့သော မိန်းကလေးငယ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ UI/ UX Design တွင် ကျွမ်းကျင်ပြီး လူမှုရေးစွန့်ဦးတီထွင်သူ ကျောင်းသားတစ်ဦးအနေဖြင့် ဆုပြည့်စုံဟာ ဆယ်ကျော်သက်မိန်းကလေးများအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ လျှို့ဝှက်ချက်များကို တိုင်ပင်ဆွေးနွေးရန် ရောင်စုံညီအစ်မများဖြစ်သော “Big Sisters” ကို ဖန်တီးမည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ ဆုက ပလပ်ဖောင်းကို နမူနာပုံစံထုတ်ကာ မျှော်မှန်းထားတဲ့ လူအုပ်စုကို အကျိုးပြုဖို့ Community Partners International နှင့် ပူးပေါင်းထားပြီးလည်း ဖြစ်ပါတယ်။
Falling Walls Lab Myanmar 2024 မှာ မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးအတွက် အရေးကြီးတဲ့ ကိစ္စရပ်များကို တင်ပြထားပေးပါတယ်။ ပြိုင်ပွဲအတွက် ဒုတိယဆုရရှိသူ ချင်းပြည်နယ်မှ ဗျက်လျန်ထန်ဟာဆိုရင် climate change ပညာပေးဆရာဖြစ်ပြီး ကစားသူများအတွက် ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘုတ်ဂိမ်းတစ်ခုကို ဖန်တီးကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးသူတစ်ဦးဖြစ်ပါတယ်။ ဂိမ်းကစားနည်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းနိုရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။
တတိယဆုရှင် ထင်ရှားဟာ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူများရဲ့ သတင်းအချက်အလက်နှင့် ပတ်သက်တဲ့သတင်းများကို မိခင်ဘာသာစကားဖြင့် သိရှိနိုင်စေရန် AI ပလပ်ဖောင်းတစ်ခုကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။
စိတ်ကူးက ဘန်ကောက်မှာနေထိုင်တဲ့ မနှစ်က အတွေ့အကြုံကနေ ထွက်လာတာ။ အဲဒီမှာ မလုံခြုံမှုတွေ ကြုံခဲ့ရပြီး TR ဗီဇာ သက်တမ်းကုန်ရင် ဘာလုပ်သင့်လဲ စဉ်းစားတယ်။ ဘန်ကောက်မှာ နေထိုင်စဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဒီအဖြေကို ဖန်တီးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိတဲ့ အခြားအကြောင်းအရာများစွာကိုလည်း ထည့်သွင်းယှဥ်ပြိုင်ခဲ့ကြပါတယ်။ မြို့ပြစားနပ်ရိက္ခာရှားပါးမှုကို ဖြေရှင်းခြင်း၊ အာရုံစိုက်မှု ကျဆင်းခြင်းကို ကူညီနှိုင်တဲ့ အိုင်ီဒယာများ၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများကို ကျော်ဖြတ်နိုင်တဲ့ ပလပ်ဖောင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု အတားအဆီးများကို လျှော့ကျစေမယ့် နည်းလမ်းများ အစရှိတာတွေကို အဖြေရှာတင်ဆက်ခဲ့ပါတယ်။ ထိုဗီဒီယိုတင်ဆက်မှုများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါတယ်။
FNF Myanmar ဟာ ပြိုင်ပွဲအတွက် အဆိုပါပါဝင်သူများကို ပြင်ဆင်ထားပြီး ပြိုင်ပွဲနေ့မတိုင်မီ Falling Walls Lab ကျောင်းသားဟောင်းများ၊ လုပ်ငန်းပိုင်ရှင်များနှင့် ဒိုင်လူကြီးများနှင့် တွေ့ဆုံနိုင်စေရန် အခွင့်အလမ်းများကို လည်း ဖန်တီးထားပေးပါတယ်။ သင်တန်းသား ၁၂ ဦးကို လေးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲမှာ လေ့ကျင့်ပြင်ဆင်ပေးကာ စိတ်ကူးစိတ်သန်းပြောင်းလဲခြင်း၊ တင်ပြခြင်းနှင့် ရေးဆွဲခြင်းတို့ကို သင်ပြဆွေးနွေးပေးခဲ့ပါတယ်။
ကျွန်တော် Falling Walls Lab Myanmar အဖွဲ့က လေးရက်ကြာပေးတဲ့ လေ့ကျင့်မှုကို ရပြီး ကျွန်တော့် စိတ်ကူးကို ပိုမိုတိကျစွာ ဖော်ထုတ်နိုင်ဖို့ အကူအညီ၊ အခွင့်အရေးရှိရှိခဲ့ပါတယ်။

ပြိုင်ပွဲမတိုင်ခင် တစ်ညမှာ ပြိုင်ပွဲဝင်မယ့်သူများဟာ Falling Walls Lab ရဲ့ ယခင်ပါဝင်ဖူးသူဟောင်းများ၊ ယခုလက်ရှိ လုပ်ငန်းပိုင်ရှင်များ၊ ဒိုင်လူကြီးများ၊ အခြား FNF ကျောင်းသားဟောင်းများနှင့် တွေ့ဆုံခဲ့ပြီး မိမိစိတ်ကူးကို လက်တွေ့အဖြစ်သို့ပြောင်းလဲပြီးသောသူများနှင့် ချိတ်ဆက်မှုရတဲ့အပြင် ဆွေးနွေးတိုင်ပင်နိုင်တဲ့ အခြေအနေအခွင့်အရေးများကို ရရှိခဲ့ပါတယ်။
Falling Walls Lab Myanmar 2024 ကို FNF Myanmar က ဦးစီးပြီး SME Hub Asia၊ Impact Hub၊ Thate Pan Solutions နှင့် Scholar Institute တို့နှင့် ပူးပေါင်းဆောင်ရွက်ထားတဲ့ နှစ်စဥ်ကျင်းပတဲ့ ပြိင်ပွဲတစ်ခု ဖြစ်ပါတယ်။
Album Falling Walls Lab Myanmar 2024

Hsu Pyae Sone Receiving Her Winner's Certificate from Jury Swe Zin Htike
© Friedrich Naumann Foundation for Freedom (Myanmar Office)
May Myat Noe Htin Pitching Breaking the Wall of Decreased Learning Focus
© Friedrich Naumann Foundation for Freedom (Myanmar Office)
Biak Lian Thang Pitching Breaking the Wall of Barriers to Climate Education
© Friedrich Naumann Foundation for Freedom (Myanmar Office)
Lin Nyi Aung Pitching Breaking the Wall of Investment Barriers
© Friedrich Naumann Foundation for Freedom (Myanmar Office)
Arkar Phyo Min Pitching Breaking the Wall of Cultural Isolation
© Friedrich Naumann Foundation for Freedom (Myanmar Office)
Nay Lin Tun Pitching Breaking the Wall of Unssustainable Transportation
© Friedrich Naumann Foundation for Freedom (Myanmar Office)
Thant Min Htet Pitching Breaking the Wall of Unease Access to Urban Space
© Friedrich Naumann Foundation for Freedom (Myanmar Office)
Theint Nadi Htet Pitching Breaking the Wall of Wasteful Spending on Game
© Friedrich Naumann Foundation for Freedom (Myanmar Office)
Thet Yadanar Htike Pitching Breaking the Wall of Urban Food Scarcity
© Friedrich Naumann Foundation for Freedom (Myanmar Office)
Htoisanroi Pitching Breaking the Wall of Healthcare Service Barriers
© Friedrich Naumann Foundation for Freedom (Myanmar Office)
Zin Ko Htay Pitching Breaking the Wall of Inconsistency
© Friedrich Naumann Foundation for Freedom (Myanmar Office)
Hsu Pyae Sone PItching Breaking the Wall of Reproductive Health Gaps
© Friedrich Naumann Foundation for Freedom (Myanmar Office)
Htin Shar Pitching Breaking the Wall of Migrant's Insecurities
© Friedrich Naumann Foundation for Freedom (Myanmar Office)