အရှေ့တောင်အာရှသီချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရမယ့် Aether

Aether အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လွတ်လပ်မှုရဲ့ သီချင်းပွဲတော်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ လူငယ်သုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။
သူတို့အဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် အရှေ့တောင်အာရှရဲ့ living freedom songwriting contest မှာ ဖိလစ်ပိုင်၊ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့က သီချင်းတွေနဲ့အတူ နောက်ဆုံးယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
Aether က လက်ရှိမှာ အနိုင်ရဖို့ ယုံကြည်မှု ရာနှုန်းပြည့်ရှိနေပြီးတော့ အရှေ့တောင်အာရှက အဆိုတော်တွေနဲ့ ပူးပေါင်းဖျော်ဖြေမယ့် သီချင်းအတွက်လည်း ပြင်ဆင်နေပါပြီ။
Aether အဖွဲ့ရဲ့ အနိုင်ရခဲ့တဲ့ Born Free သီချင်းကို ပြန်နားထောင်ချင်ရင်တော့ ဒီလင့်ကနေ နားထောင်နိုင်ပါတယ်။