EN

#fnfpodcast
မြန်မာ ပြည်တွင်းက စွန့်ဦးတီထွင်သူများရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိနိုင်ဖို့ ရည်ရွယ်တဲ့အသံလွှင့်podcast

 အသံလွှင့်အစီအစဉ်

ဘယ် ကိုအောင်သူဟိန်း (FNFMyanmar)၊ ကိုသန့်ထူးအောင် ( Falling Walls Lab Winner 2018)၊ ကိုကျော်ဇင် (Co-Host, Call Me Today)  

© FNFMyanmar

စွန့်ဦးတီထွင်မှုက ဘာေကြာင့် မြန်မာနိုင်ငံမှာ စိန်ခေါ်မှုအဖြစ်ရှိနေတာလဲ? 

FNF Myanmar ဟာသူ့ရဲ့ပထမဆုံး podcast အစီအစဉ်ကိုမိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ မိတ်ဆက်ခဲ့ပြီးတော့ ဘာကြောင့် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ချင်တယ်? ဘယ်လိုအခက်ခဲတွေကြုံတွေ့ရတယ် ဆိုတာနဲ့ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ဘာတွေက လွှမ်းမိုးမှုဖြစ်စေတာလဲဆိုတာကို တင်ဆက်ထားပါတယ်။ 

FNF Myanmar ရဲ့ ပထမဆုံး podcast ကို မိတ်ဖက်များရဲ့ အကူညီနဲ့အတူ စတင် ထုတ်လွှင့်ခဲ့ပြီးတော့ စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ဖို့ ဘာတွေလိုအပ်လဲ? သူတို့ ဘာတွေဖြတ်ကျော်ခဲ့ရလဲဆိုတာနဲ့ သူတို့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့တာလဲဆိုတာကို တင်ဆက်ထားတာဖြစ်ပါတယ်။

FNF ရဲ့ The Mind of an Entrepreneur က အပေါ်ကမေးခွန်းတွေကို ဖြေပေးဖို့ အဆင်သင့်ပါပဲ။ FNF ရဲ့ ဝန်ထမ်းဖြစ်တဲ့ မအေးမြတ်မွန်နဲ့အတူ Call Me Today က ကိုကျော်ဇင်တို့က တင်ဆက်ထားတာဖြစ်ပြီး တော့ SMEs လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ အောင်မြင်တဲ့အတွင်းစိတ်သဘောထားတွေကို လေ့လာနိုင်အောင်တင်ဆက်ပေးထားတာဖြစ်ပါတယ်။

ဒီpodcast ကိုတော့ impact hub ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် တင်ဆက်ပေးထားတာဖြစ်ပြီးတော့ soundcloud ကနေ တစ်ဆင့် နားဆင်နိုင်ပါတယ်။ 

ပထမဆုံးထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၉ပိုင်းမှာတော့ အမျိုးသားဦးဆောင်တဲ့လုပ်ငန်းနဲ့ အမျိုးသမီးဦးဆောင်တဲ့လုပ်ငန်းတွေမှာ တွေ့ရလေ့ ရှိတဲ့ စိန်ခေါ်မှု၊အခက်အခဲတွေနဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ရဲ့ အခက်အခဲစိန်ခေါ်မှုတွေကို တင်ဆက်ပေးထားပါတယ်။ အဲ့ဒီမှာတော့ စွန့်ဦးတီထွက်လုပ်ငန်းရှင် ၂ ဦးဖြစ်တဲ့ Impact Hub Yangon က ကိုဥက္ကာမျိူးနဲ့ Recyglo Myanmar က မရွှေယမင်းဦးက ဆွေးနွေးထားပါတယ်။

အပိုင်း (၁) - အမျိုးသား၊အမျိုးသမီးဦးဆောင်တဲ့စီးပွားရေးလုပ်ငန်းများ အေကြာင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

အပိုင်း (၂) မှာတော့ အလုပ်လက်မဲ့သူတွေများလာတာက စွန့်ဦးတီထွင်မှုလမ်းကြောင်းပေါ်ရောက်စေတာလားဆိုတဲ့ အကြောင်းကို ကိုဝေယံသွင်က ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

အပိုင်း(၂) - အလုပ်လက်မဲ့များလာတာက စွန့်ဦးတီထွင်မှုတွေပိုများ၊မများ အကြောင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

တတိယအပိုင်းမှာတော့ ၂၀၁၈ ခုနှစ်ရဲ့ falling walls lab ပြိုင်ပွဲဆုရရှိသူ ဒေါက်တာသန့်ထူးအောင်နဲ့ falling walls အဖွဲ့က ဦးဆောင်သူ ဒေါက်တာအောင်သူဟိန်းတို့က falling walls အကြောင်းကို တင်ဆက်ပေးထားပါတယ်။

အပိုင်း (၃) - Falling Walls Lab အကြောင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

စတုထ္ထအပိုင်းမှာတော့ Rakuten က senior mobile engineer အဖြစ်တာဝန်ယူနေတဲ့ မခင်စန္ဒာက သူမရဲ့ အမျိူးသမီးတစ်ဦးအနေနဲ့ နည်းပညာနယ်ပယ်ကို ဝင်ရောက်ခဲ့ပုံ၊ သူမမိသားစုရဲ့ သူမအပေါ်ထောက်ပံ့ပေးမှုနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကြားမှာ အမျိုးသမီးတစ်ဦးရဲ့ လုပ်ဆောင်မှုနဲ့ ရှုမြင်ပုံကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

အပိုင်း (၄) - နည်းပညာပိုင်းက အမျိုးသမီးများ အေကြာင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

အပိုင်း ၅ မှာတော့ မြန်မာအမျိူးသမီးတွေကို အွန်လိုင်းအခြေပြုစနစ်များ ပိုမို အသုံးပြုလာနိုင်စေဖို့ ရည်ရွယ် သင်ကြားပေးနေတဲ့ how she did it က မနန်းအိအိမွန်က လက်ရှိကာလ SMEs နဲ့ Start-ups တွေကြား ရုန်းကန်နေရမှုနဲ့ စိတ်ကျန်းမာရေး အရေးကြီးပုံအကြောင်းကို တင်ဆက်ပေးထားပါတယ်။

အပိုင်း (၅) - အခက်အခဲများကြားထဲက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

အပိုင်း ၆ မှာလည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုကို တင်ဆက်ထားပါသေးတယ်။ အမျိူးသမီးတွေဟာ မီးဖိုချောင်မှာ ချက်ပြုတ်ရခြင်းတွေနဲ့ အချိန်ကုန်တက်ကြသူတွေပါ။ ကိုဗစ်ကာလမှာတော့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုနဲ့အတူ သူတို့ လက်ရာဟင်းလျာတွေကို အွန်လိုင်းမှာ ရောင်းချဖို့ စတင်လုပ်ဆောင်ခဲ့ကြပြီးတော့ အဲ့ဒီလုပ်ငန်းကို စတင်ခဲ့သူက cook kitchens Myanmar က ဦးဆောင်သူ မနွေးနွေးစိုးပါ။ သူ့ရဲ့ကိုဗစ်ကာလ အိမ်တွင်းချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို အွန်လိုင်းပေါ်ကနေတစ်ဆင့် ရောင်းချနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ platform တခုအကြောင်းကို အခုအပိုင်းမှာ နားဆင်ရမှာပါ။

အပိုင်း (၆) - အစားအသောက်စွန့်ဦးတီထွင်မှုနဲ့ အမျိုးသမီးများအကြောင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

ဒီအပိုင်းမှာတော့ အမျိူးသမီးစွန့်ဦးတီထွင်သူတစ်ယောက်အကြောင်းကို နားဆင်ရမှာပါ။ မခိုင်ဝါအောင်က သူမရဲ့ ရွှေတောင်ညိုကြီးလို့ ခေါ်တဲ့လွှတ်ကျောင်းကြက်ဥ မွေးမြူရေးအကြောင်းကို နားဆင်ရမှာပါ။

အပိုင်း (၇) - မြန်မာနိုင်ငံအတွင်းက အမျိုးသမီးစွန့်ဦးတီထွင်သူတစ်ဦးရဲ့ အကြောင်း

An dieser Stelle finden Sie einen externen Inhalt, der den Inhalt ergänzt. Sie können ihn sich mit einem Klick anzeigen lassen.

အပိုင်း ၈ မှာတော့ ဒေါက်တာသူရိန်လှိုင်ဝင်းက သူဖန်တီးခဲ့တဲ့ ဆေးကုသမှုဆိုင်ရာပညာပေးဆောင်းပါးပေါင်းများစွာကို တနေရာတည်းမှာ ဖတ်လို့ ရနိုင်တဲ့ platform တခု ဖန်တီးခဲ့ပုံ အကြောင်းကို နားဆင်ရဦးမှာပါ။​

အပိုင်း (၈) - စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ ဘာတွေက တွန်းအားပေးစေတာလဲ?

အပိုင်း ၉ မှာတော့ လူမှုအကျိူးပြုစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ မသီတာဝင်းက သူမရဲ့ ပျားတောင်သူတွေကို သင်တန်းပေးရင်း အဲ့ကနေစျေးနှုန်းချိုသာမှုနဲ့ အတူအကျိုးပြုလုပ်ငန်းဆောင်ရွက်နေတဲ့ plan bee ဆိုတဲ့လုပ်ငန်းအကြောင်းကို နားဆင်ရမှာဖြစ်ပါတယ်။