DE

women to women
မြန်မာနိုင်ငံရဲ့ ပထမဆုံးယောဂသင်တန်းကျောင်း တည်ထောင်သူ အမျိုးသမီး Yoga Instructor မသူဇာ

yoga

မေး။ ။ ဆရာမ နာမည်နဲ့ လက်ရှိ ကျောင်းမှာ ဘာတာ၀န်ယူထားလဲ မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ကျွန်မနာမည် သူဇာပါ  Patanjali Yoga Vidya school ရဲ့ founder ပါ။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ မြန်မာပြည်မှာ Yoga ကိုဘာကြောင့် ဒီလို ကျောင်းထောင်ပြီး လုပ်ဖြစ်တာလဲ ဆိုတာရယ်နဲ့ ဘာကြောင့် Yoga ပညာရပ်ကို ရွေးချယ်ဖြစ်ခဲ့တာလဲ ဆိုတာရှင်းပြပေးပါ?

ဖြေ။ ။ Yoga ကျင့်စဉ်ကို အမ  ပထမဦးဆုံး စခဲ့တာကတော့ ကျန်းမာရေးကြောင့်ပေါ့နော်။ အဓိက က ကိုယ့်ကျန်းမာရေးကြောင့်ပေါ့။ ကျန်းမာရေးကောင်းလာတာနဲ့အမျှ ဒီကျင့်စဉ်ကို ပိုပြီး နက်နက်နဲနဲ သိချင်လာတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အမကလေ့လာတယ်။  လေ့လာပြီးတဲ့ အခါမှာ သူရဲ့ (Yoga) အကျိုးကျေးဇူးတွေက asanas တစ်ခုထက်ပိုတယ်ဆိုတာကို ပိုပြီးတော့ သိလာတယ်။ သိလာတဲ့အခါမှာ အဲ့တာတွေကို မျှ‌ဝေ ချင်တာပေါ့နော်။​ အခုကျောင်းထောင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိက က အဲ့တာပဲ။ knowledge ကို sharing လုပ်ချင်တာ။ အမတို့ အခုလုပ်နေတဲ့ Yoga asanasကျင့်စဥ်တွေ ထက်ကိုပိုတဲ့ knowledge တွေ ရှိသေးတယ်ဆိုတာကို သိစေချင်တာ။ဒါကြောင့် ကျောင်းထောင်ပြီးတော့ ကျောင်းမှာကလေးတွေကို knowledge sharing နောက်ပြီးတော့ Practice တွေ Knowledge နဲ့ Practice နှစ်ခုလုံးကို တစ်ပြိုက်နက်ထဲ အမတို့ ပေးတာပေါ့။

မေး။ ဆရာမ ဒီလုပ်ငန်းကို Professional တစ်ယောက်အနဲ့ စတင်ပြီး ရပ်တည်အချိန်မှာ ဘာစိန်ခေါ်မှုတွေ ရှိခဲ့လဲ။  ဘာအခက်အခဲတွေ ရှိခဲ့လဲရှင့်?

ဖြေ။ ။ ဒီအလုပ်ကို စပြီး လုပ်ဖြစ်တဲ့အချိန်မှာ အမအတွက် အရမ်းကြီး စိန်ခေါ်မှုလို့ ခေါ်ရလောက်တဲ့ အခက်အခဲတော့ မရှိဘူး။ အစစ အရာအရာ ချော့မွေ့ပါပဲ။ ဒါပေမဲ့ ဒီကျောင်းကိုစပြီးထောင်တဲ့ အချိန်မှာ စိန်ခေါ်မှုဆိုလို့ ကျောင်းတည်ထောင်တဲ့နှစ်နဲ့ Covid ဖြစ်တဲ့နှစ်နဲ့ သွားပြီးတူနေတာ။​အဓိကကတော့ အဲ့တာလေးပေါ့နော်။ အချိန်အခါမကိုက်ဖြစ်သွားတော့ အမဒီကျောင်းလေးအတွက် အတော်လေးရုန်းကန်လိုက်ရတာပေါ့။

မေး။ ။​ဆရာမ ဒီ career ကို စလုပ်တုန်းက မိသားစုရဲ့ support ကိုယ့်ပတ်ဝန်းကျင် ဘေးပတ်ဝန်းကျင်က လူတွေရဲ့ support ကရော ကိုယ့်အပေါ်ဘယ်လောက် ရှိခဲ့လည်းရှင့်?

ဖြေ။ ။​အဓိက ကတော့ အမ မိသားစုရဲ့ support ပေါ့နော်။အမ အမျိူးသား အမသားလေးတွေ။ ကလေးလေးတွေပေါ့နော်။ သူတို့က အမအပေါ် support အများကြီးလုပ်တယ်။ အမ ဒါအတွက် အပြင်သွားတယ် သင်တန်းသွားတယ် အိမ်မှာ အချိန်မပေးနိုင်ဘူး။အဲ့ဒီအတွက် ကလေးတွေကလည်း နားလည်ပေးတယ်။ မိဘကို တစ်ခုမှ complain တတ်တာ မရှိဘူး။ နောက် အမ အမျိူးသား သူက ဒီနေ့ဒီချိန်ထိ အမကို support လုပ်နေတုန်းပဲ။ အမ အရှေ့ကနေ ဘာပဲလုပ်လုပ် တစ်ခုခု အကူညီလိုတာနဲ့ သူက အခုချိန်အထိနောက်ကနေ  ပံ့ပိုးပေးနေတာ။ဒါက အမမိသားစုရဲ့ support ပေါ့နော်။

yoga

မေး။ ။ ဆရာမအနေနဲ့ ဒီ career ကို Yoga ဆိုပြီး သတ်သတ်မှတ်မှတ် professional လိုင်းထဲကို ဘယ်နှစ်ခုနှစ်လောက်မှာ ဝင်တာလဲရှင့်?

ဖြေ။ ။​အမ ဒီလိုင်းထဲကို 2012-2013 လောက်မှာ စဝင်ခဲ့တာပေါ့နော်။အဓိကကတော့ အမခုနကပြောသလိုပဲ

ဒီကျင့်စဥ်လေးကို စလုပ်တဲ့ အခါမှာ ကျန်းမာရေးကောင်းလာတယ်။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ တွေ့လာရတယ်။ အရင်က အမဆို ဒေါသနည်းနည်းကြီးတယ်ပေါ့နော်။ အခု အဲ့တာလေးတွေ လျော့သွားတယ်။တစ်ခါတစ်လေ ဒေါသထွက်စရာ ရှိရင်တောင် အဲ့တာတွေကို control လုပ်နိုင်လာတယ်။အဲ့လို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ တွေ့လာရတဲ့ အတွက်ကြောင့် အမဒီလိုင်းကို အရမ်းကို နှစ်သက်တာပေါ့။

မေး။ ။  ဒီ Yoga ကလေ လာမည့်နှစ်တွေမှာ အမျိုးသားတွေ အမျိုးသမီးတွေ အတွက် ဘယ်လောက်အထိ အရေးပါလာနိုင်လဲ ရှင့်။

ဖြေ။ ။ အရေးပါတာပေါ့ တို့မြန်မာနိုင်ငံမှာဆိုရင် အမျိုးသားတွေလုပ်တာ အတော့်ကို နည်းနေသေးတယ်လို့ ပြောရမယ်။ အနောက်နိုင်ငံတွေမှာဆိုရင် အမျိုးသားတွေက ပိုလို့ လုပ်ကြသေးတယ် ဘာလို့လဲဆိုတော့ Yoga က ကျန်းမာရေးတစ်ခုထဲ အတွက်တွင် မဟုတ်ဘူး

လူတိုင်း လူတိုင်း ကျန်းမာရေးကောင်းဖို့ လိုအပ်တယ် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသည်ဖြင့်ပေါ့နော် physicalလည်း ကျန်းမာရမယ် socialလည်း ကျန်းမာရမယ် mental  လည်း ကျန်းမာရမယ် လူတိုင်း လူတိုင်း လိုအပ်တယ် အမျိုးသား အမျိုးသမီး မရွေး လိုအပ်တယ် အမျိုးသမီးချည်းပဲ ကျင့်လို့ မရဘူး အမျိုးသားတွေအတွက်လည်း လိုအပ်တယ်။  ပိုဆိုးတာက လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးမှုတွေရှိတယ် stress တွေပေါ့ အဲ့တာတွေက အမျိုးသားမှာလည်း ရှိသလို အမျိုးသမီးမှာလည်း ရှိတယ်။ အဲ့တော့  stress တွေ စိတ်ဖိစီးမှုတွေ လျော့ကျချင်တယ်ဆိုရင်  အမျိုးသားလည်းကျင့်ဖို့လိုသလို အမျိုးသမီးလည်းကျင့်ဖို့လိုတယ်။​

မေး။ ။ တစ်ခြားနိုင်ငံတွေယှဉ်ရင် ဥပမာ အိန္ဒိယ ဆိုရင်ပေါ့လေ Yoga သင်တာအများစုက ဆရာတွေ ဖြစ်နေတယ်။  တစ်ခြားနိုင်ငံတွေမှာ သင်တန်းဆရာတွေက Gender equality မျှတယ်ပေါ့နော် မြန်မာနိုင်ငံမှာကြတော့ Yoga ဆို မိန်းကလေးပဲ လုပ်ရမယ် Yoga သင်ပေးတဲ့ သူတွေကလည်း ဆရာမတွေပဲများတယ် ယောက်ျားလေးတွေဆိုရင် သိပ်မသွားချင်ကြဘူး အဲ့တာ ဘာကြောင့်ဖြစ်တယ်လို့ ထင်လဲ ဆရာမရှင့်?

ဖြေ။ ။ အဓိကပြော ရမယ်ဆိုရင်တော့  knowledge ပဲ။

ဒီ Yoga နဲ့ပတ်သတ်တဲ့ knowledge sharing တွေ တအားမကျယ်ပြန့်သေးတာကြောင့်လို့ပဲ အမတော့ ထင်တယ်။အဲ့ကြောင့် အမတို့က Gender မခွဲဘူး ၊ အမျိူးသား အမျိူးသမီး ကျင့်သင့်တဲ့ဟာဆိုတာကို အမတို့က တောက်လျှောက် knowledge sharing အနေနဲ့ပြောပေးနေတာ။

မေး။ ။​ဆရာမ ကျောင်းမှာလေ ယောက်ျားလေး မိန်းကလေး အချိူးချကြည့်ရင် ယောကျ်ားလေး % ဘယ်လောက်လောက်ရှိလဲရှင့်?

ဖြေ။ ။တော်တော်နည်းတယ်ပေါ့။ဒီတစ်သုတ်မှာဆိုရင် ယောက်ျားလေးတစ်ယောက်။ ရှေ့က တစ်သုတ်မှာဆိုရင် ယောက်ျားလေးနှစ်ယောက်ပါတယ်။ မိန်းကလေး ဆယ်ယောက်လောက်မှာ ယောက်ျားလေးတစ်ယောက်လောက်ပဲဆိုတော့ 10:1 ပေါ့နော်။

မေး။ ။​အဲ့တာဆို ခုနကပြောသလို ယောက်ျားလေး ပိုများလာဖို့ ။ ယောက်ျားလေးလည်း Yoga နဲ့ သက်ဆိုင်တယ်ဆိုတဲ့ knowledge ကို ရဖို့က လူတွေ ဗဟုသုတ အသိဉာဏ် ပိုကျယ်မှပဲ ရမယ်ဆိုတာမျိုး ဖြစ်နေတာပေါ့နော်။

ဖြေ။ ။​ဟုတ်တယ် ဘယ်လိုပြောရမလဲ အခုအနေအထားဆိုရင် knowledge တစ်ခုထဲလို့တောင် ပြောလို့မရ အခုလောလောဆယ်က အခြေအနေတွေအများကြီးကြောင့်မလို့ ဘာပဲပြောပြော အမျိုးသားတွေ ရုန်းကန်နေရတဲ့ ကာလမျိုးမှာ သူတို့ ဒါကိုအချိန်မပေးနိုင်ဘူး။ ဒီအတွက်ကို သီးသန့် အချိန်မပေးနိုင်ဘူး။ အဲ့တာမျိုး ရှိတာပေါ့လေ..။တို့ အခြေအနေတွေ အများကြီးပေါ့။ ဘာပဲပြောပြောပေါ့လေ အဓိက ကတော့ အခြေခံက ဘာလဲဆိုရင် knowledge ပေါ့နော်။ knowledge ကျယ်ကျယ်ပြန့်ပြန့် မသိတာပေါ့။ တစ်ချို့ဆို Yoga ဆိုတာ မိန်းကလေးတွေပဲ လုပ်ရတယ်လို့ ထင်နေကြတာမျိုးပေါ့။အဲ့တော့ အဲ့တာလေးတွေ အမက သိစေချင်တယ်။ အဓိက ကတော့ အမျိုးသားတွေ ပိုလို့တောင် လိုအပ်သေးတယ်ပေါ့နော်။

yoga

မေး။ ။ ဆရာမ အနေနဲ့ Yoga Trainer အဖြစ် ရပ်တည်နိုင်ဖို့ရယ် ရှေ့ဆက်ပြီးရပ်တည်ဖို့ရယ် ဘာတွေက တွန်းအားပေးတာမျိူး ဖြစ်မလဲရှင့်?

ဖြေ။ ။ အဓိက ကတော့ အမရဲ့ရည်ရွယ်ချက်က အမတို့နိုင်ငံမှာ Yoga တီချယ်တွေ မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ အရည်အချင်း ပတ်သတ်ပြီး ပြည့်ပြည့်ဝဝ ဖြစ်အောင်လို့ practice ကော knowledge ကော ပြည့်ပြည့်စုံစုံ ဖြစ်စေချင်တာပေါ့လေ။ အဲ့တာကြောင့် ဒီဟာကို ရှေ့ဆက်ပြီး လုပ်နေမယ်။ နောက်လာတဲ့ ကလေးတွေကိုလည်း practice ချည်းပဲ အားသန်နေတာမျိူး မဟုတ်ပဲနဲ့ အမက practice ကော knowledge ကော နှစ်ခုစလုံးကို တစ်ပြိုက်နက်ရစေချင်တာက တွန်းအားတစ်ခုလို့ ပြောလို့ရတယ်။

မေး။ ။ ဆရာမတို့ အခုနောက်ပိုင်းပေါ့နော်။အမျိုးသမီးYoga Trainer တွေ အရမ်းများလာတယ် ပြီး​တော့နယ်ပယ်ကလည်း ပိုကျယ်လာတဲ့အတွက် အပြိုင်အဆိုင်များတဲ့ လောကလို့ ပြောရင်ရမယ်ပေါ့နော်။အဲ့လို အပြိုင်အဆိုင်များတဲ့ career တစ်ခုမှာ ကိုယ်က ဘယ်လိုစိတ်ထားပြီး ကြိုးစားခဲ့တာလဲရှင့်?

ဖြေ။ ။​အမက အလုပ်ကို မလုပ်ချင်ဘူးဆိုရင် ထိုင်နေတာ လုပ်ပြီဆိုရင်လည်း 100% အပြည့်အဝလုပ်တယ်။နောက်တစ်ခုက အမက အလုပ်လုပ်ပြီ ဆိုရင် အဲ့ဒိအလုပ်ကို အောင်မြင်မလား မအောင်မြင်ဘူးလား ဒီအလုပ်က ဖြစ်မလား မဖြစ်ဘူးလား အဲ့အကျိုးရလဒ်ကို အမက လုံးဝမကြည့်ဘူး။လုပ်ပြီဆိုရင် အဲ့ဒိအလုပ်ဟာ အမ ကြိုက်တဲ့အလုပ် အမ သဘောကျတဲ့အလုပ် အမ ပျော်တဲ့အလုပ်ဖြစ်ရမယ် ။အဲ့ဒီဟာအပေါ်မှာ အကောင်းဆုံးလုပ်လိုက်တယ်ဆိုရင် အချိန်တန်ရင် result က ပြန်လာမှာပဲ။အမ တပည့်တွေကိုလည်း အမ အမြဲတမ်းပြောတယ် ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ် ဘာမှ မမျှော်လင့်ထားနဲ့ အချိန်တန်ရင် results က သူ့ဘာသာပြန်လာမှာပဲ။ကိုယ်လုပ်လိုက်တဲ့ အပေါ်မှာ မူတည်ပြီး result က ပြန်လာမှာပဲ။အဲ့တော့ ဘာပဲလုပ်လုပ် အမကတော့ ဘာမျှော်လင့်ချက်မှ မထားဘူး။ အကောင်းဆုံး လုပ်လိုက်တယ်။မလုပ်ဘူးဆိုရင် အရှင်းမလုပ်ဘူး။ လုပ်ပြီ ဆိုရင်လည်း 100% အပြည့်အဝ လုပ်လိုက်တယ်။

မေး။ ။ ဆရာမနေနဲ့လာမယ့်နှစ်တွေမာ ကိုယ့်ကိုယ်ကို အမျိုးသမီးတစ်ယောက်နေနဲ့ ဘယ်လိုပညာရပ်တွေ ဘယ်လိုခွန်အားတွေ ဖြည့်ဆည်းပြီး ဒီလို အပြိုင်အဆိုင်များတဲ့ career မှာ ဘယ်လိုမျိုး ဆက်သွားဖို့ ဆုံးဖြတ်ထားလဲရှင့်။

ဖြေ။ ။ အခုကတော့ အမ ကျောင်းတတ်တယ်။ နိုင်ငံခြားမှာ ကျောင်းသွားတတ်တယ်။ ဒီမှာက အမရဲ့ကျောင်းလေးက Local ကနေ International ဖြစ်သွားပြီ။နောက်ပိုင်းကြရင် အမက အမရဲ့ အိပ်မက်ပေါ့နော်။ အမက ဘာလုပ်ချင်လဲဆို ဒီပညာရပ်နဲ့ပတ်သတ်ပြီးတော့မှ ထပ်ထပ်ပြီး upgrade လုပ်ချင်တာ။အဲ့တော့ ဒီပလိုမာတွေ ပေးချင်တယ်။နောက်ကြရင် နိုင်ငံခြားမှာလိုမျိုး Yoga နဲ့ပတ်သတ်တဲ့ University တွေ Yoga BSC Yoga MSC လိုမျိူးတွေ ပေးနိုင်တဲ့ အထိကို အမက ဒီမှာ ကျောင်းတစ်ကျောင်း ဖွင့်ချင်တာ။ အဲ့တာ အမရဲ့ ရည်မှန်းချက်ပေါ့နော်။

မေး။ ။ ဆရာမရဲ့ဆောင်ပုဒ်ဖြစ်ဖြစ် ကိုယ်အလုပ်လုပ်နေတဲ့ အခါမှာ ကိုယ်ကြိုးစားနေတဲ့ အခါမှာ ကိုယ့်ကို အားပေးတဲ့ ဆောင်ပုဒ်ဖြစ်ဖြစ် ရှိရင် ပြောပြပေးပါ..ရှင့်။

ဖြေ။ ။ ဘာပဲလုပ်လုပ် 100% လုပ် အပြည့်လုပ်။ဘာပဲလုပ်လုပ် စေတနာ 100% ထည့်လုပ်။ လုပ်အား 100% ထည့်လုပ်။ ပေးလိုက်တဲ့ ပညာပေါ်မှာလည်း 100% အပြည့်ပေးတယ် ဒါ အမရဲ့ ဆောင်ပုဒ်ပဲ။

မေး။​။ Yoga ကို စိတ်ဝင်စားတဲ့ အမျိူးသမီးတွေ ရှိမယ် ၊ career ချိန်းချင်တဲ့ အမျိူးသမီးတွေ ရှိမယ်။ သူတို့အတွက် အမျိူးသမီးအချင်းချင်း မိန်းကလေးအချင်းချင်းပေါ့နော် အား​ပေးစကား အကြံပြုစကားလေး ပြောပေးပါဦးရှင့်?​

ဖြေ။ ။​အမကျောင်းကိုလာတဲ့ အထဲမှာ ရည်ရွယ်ချက်မျိုးစုံနဲ့ လာတဲ့သူတွေ ရှိတယ်။ ခုနပြောသလို career ချိန်းချင်လို့ လာတဲ့လူတွေလည်းပါသလို ကျန်းမာရေး မကောင်းလို့ ကျန်းမာရေးကောင်းချင်တဲ့ သူတွေလည်း ပါတယ်။ နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ တစ်ချိူ့က တစ်ခုခုဆို စိတ်ပျော်တယ်လေ စိတ်ဓာတ်ကျ လွယ်တဲ့သူတွေ။ အဲ့တော့ ညွုန်းကြတယ် ဒီကိုသွားလိုက်။ဒီကိုသွားရင် စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်လာမယ်ဆိုတာ မျိုးပေါ့လေ။ အဲ့တော့ အမက အဲ့လူလိုမျိုးတွေနဲ့ ကြုံလာတော့ အဓိကက စိတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ဖို့လိုတယ်။အဲ့တော့ အမျိုးသမီးတွေ ဘယ် career ကိုပဲ ချိန်းချိန်း Yoga ပဲလုပ်လုပ် ဘယ်လို professionalမျိုးမှာပဲလုပ်နေလုပ်နေ အဓိကက ရုပ်ပိုင်းဆိုင်ရာထက်စာရင် စိတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ဖို့ လိုတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတဲ့ အခါမျိူးမှာ လွယ်လွယ်ကူကူ စိတ်ဓာတ်ကျမယ်ဆိုရင် တို့က ဘယ်တော့မှ ရှေ့ကို ရောက်မှာ မဟုတ်တော့ဘူး။ အဲ့တော့ အမျိုးသမီးတွေကော အမျိုးသားတွေကော စိတ်ဓာတ်ကြံ့ခိုင်ရမယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်တယ်။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေဖို့လုပ်တယ်။ Physically ၊ Mentally ကျန်းမာနေဖို့လိုတယ် ကြံ့ခိုင်နေဖို့လိုတယ် သတ္တိရှိဖို့ လိုတယ်ပေါ့နော်။​

မေး။ ။​ဟုတ်..ဆရာမ။ ဘာတွေများ ပြောချင်ပါသေးလဲရှင့်..။

ဖြေ။ ။​အမတို့ Yoga အသိုင်းအဝိုင်းက ဒီလိုမျိုးလေး ကျယ်ကျယ်ပြန့်ပြန့် နဲ့ အရည်အချင်းရှိတဲ့ ဆရာ/မ တွေများများ ပေါ်ထွက်လာဖို့ အမက မျှော်လင့်ပါတယ်။ဖြစ်လည်းဖြစ်စေချင်ပါတယ်။