DE

falling walls
Falling Walls Lab အတွက်ဂျာမနီနိုင်ငံတွင် ရာနှုန်းပြည့်ထောက်ပံ့ငွေဖြင့် သွားရောက်ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများဖိတ်ခေါ်

falling wall

Falling Walls Lab အတွက်ဂျာမနီနိုင်ငံတွင် ရာနှုန်းပြည့်ထောက်ပံ့ငွေဖြင့် သွားရောက်ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများဖိတ်ခေါ်

မိမိနေထိုင်ရာ ပတ်ဝန်းကျင်အတွက်အကျိုးပြုမည့် ထူးချွန်သောစိတ်ကူးစိတ်သန်းများ ပိုင်ဆိုင်ထားသူများ၊ စွန့်ဦးတီထွင်လိုစိတ်ရှိသူလူငယ်များ၊ အများနှင့်မတူသည့် အတွေးအခေါ်ပိုင်ဆိုင်ထားသူများအတွက် မိမိ၏ အတွေးအခေါ်ကို ဂျာမနီနိုင်ငံတွင် သွားရောက်တင်ပြကာ ချိတ်ဆက်မှုကောင်းများရယူလိုသူများအတွက် Falling Walls Lab Myanmar မှ လျှောက်လွှာများ ဖိတ်ခေါ်လျက်ရှိပါသည်။  

လျှောက်ထားနိုင်သူများ?

စိုက်ပျိုးရေး၊ ဆေးပညာ၊ စီးပွားရေး၊ သဘာဝသိပ္ပံ၊ စိတ်ပညာ စသည့် နယ်ပယ် ပေါင်းစုံမှ ထူးခြားသည့် အတွေးအခေါ်ရှိသူ လူငယ်များပါဝင် လျှောက်ထားနိုင်ပါသည်။

လိုအပ်သည့်စာရွက်စာတမ်းများ?

ပါဝင်လျှောက်ထားလိုသူများ အနေဖြင့်

၁. မိမိ၏အကြောင်း၊ ဆက်သွယ်ရမည့် လိပ်စာ

၂. မိမိတင်ပြမည့် အိုင်ဒီယာ အကြောင်းအကျဉ်းချုပ် ဖော်ပြချက်  

၄. CV

စသည်တို့ကို falling-walls.com/lab/apply သို့

ပေးပို့ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

ပြည်တွင်းတွင်ပြုလုပ်မည့် ပြိုင်ပွဲတွင် အနိုင်ရသူများအနေဖြင့်

-       ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်း FLW Myanmar ၏ အစီအစဉ်ဖြင့် ဘာလင်တွင်ကျင်းပမည့် Falling Walls Lab သို့ တက်ရောက်ခွင့် နှင့် သုံးမိနစ်စာ မိမိ၏ အတွေးအခေါ်အားတင်ပြခွင့်

-       DADD မှပြုလုပ်ပေးသည့် တစ်ပတ်ကြာမြင့်မည့် သင်တန်းအား FLW conference အပြီးတွင်ပါဝင်တက်ရောက်နိုင်ခွင့်

-       မိမိ၏ idea အား နိုင်ငံတကာ mentor များ၏ အနီးကပ်သင်ကြားပေးမှုနှင့် ပြင်ဆင်ပေးမှုများ

စသည်တို့ကို ရရှိစေမည်ဖြစ်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင် ၂၄ ရက်နေ့နောက်ဆုံးထားကာ ပေးပို့ လျှောက်ထားနိုင်ပါသည်။