သတင်းအချက်အလက်တွေရဲ့ အကြောင်းကိုပိုမိုသိရှိ သဘောပေါက်စေဖို့ ရည်ရွယ်တဲ့"မေးကြည့်"

ပြည်တွင်းက မီဒီယာတွေနဲ့ သတင်းအချက်အလက် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေနိုင်ဖို့ ရည်ရွယ်တဲ့မေးကြည့် (MIL KYI ) အစီအစဉ်ကို ပြည်တွင်းရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ DVB ရုပ်သံမှာ ထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အဓိကအားဖြင့်ဖြစ်မြောက်ရေးထောက်ပံ့တဲ့အဖွဲ့အစည်းဖြစ်တဲ့ FNF Myanmar က DBV ရုပ်သံနဲ့ MIDO တို့နဲ့ မေလ ၆ ရက်နေ့မှာ ရန်ကုန်မြို့က Melia Hotel မှာသဘောတူစာချုပ်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါတယ်။
ဒီအစီအစဉ်မှာ လူမှုကွန်ယက်အပါအဝင် မီဒီယာတွေကနေ သတင်းအချက်အလက်မျှဝေမှုတွေနဲ့ ပါတ်သတ်တဲ့ သိထားသင့်တာတွေ၊ လတ်တလော ရင်ဆိုင်နေရတဲ့ လူမှုကွန်ယက်ပေါ်က သတင်းအမှားတွေကို ဘယ်လိုခွဲခြားယုံကြည်မလဲ ဆိုတာတွေအပါအဝင် သတင်းအချက်အလက်အမှန်ကို ပြည်သူတွေရရှိစေဖို့ ရည်ရွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မေးကြည့်ကို အပါတ်စဉ်အင်္ဂါနေ့ ညနေ၇ နာရီ ၁၅ မိနစ်မှာ DVB ရုပ်သံမှာပြသနေတာပါ။
