DE

Liberal Manifesto

လစ်ဘရယ်စံနှုန်းများနှင့် အခြေခံမူများအပေါ် ကတိက၀တ်နှင့် ယုံကြည်မှုတို့ဖြင့် အန်ဒိုရာ လစ်ဘရယ်ကြေညာစာတမ်း အနက်မှ စံနှုန်းတစ်ခုအား ကောက်နှုတ်ဖော်ပြပါသည်။
FNF Myanmar

၂၀၁၇ ခုနှစ်၊မေလ ၂၀ ရက်တွင် အန်ဒိုရာတွင်  စု‌ ‌‌‌ ‌‌ေ၀းတွေ့ဆုံခဲ့ကြသောကမ္ဘာတစ်၀န်းမှ လစ်ဘရယ်များက သမိုင်းသစ်ကို ကမ္ဗည်းထိုးခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ်မိသားစုအတွင်း စည်းလုံးညီညွတ်မှုဖြင့် လစ်ဘရယ် ကြေညာစာတမ်းသစ်ကို ကျွန်ုပ်တို့မှ တညီတညွတ်တည်း အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။

တိုက်ကြီး ၅ တိုက်မှ နိုင်ငံပေါင်း ၅၆ နိုင်ငံကိုယ်စားပြုသော ကိုယ်စားလှယ်ပေါင်း ၂၀၀ ဦးက တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သော အန်ဒိုရာကြေညာစာတမ်းတွင် ၂၁ ရာစု လစ်ဘရယ်အယူအဆအပေါ် စစ်မှန်သော နိုင်ငံတကာရှုထောင့်အမြင်များအား လွှမ်းခြုံဖော်ပြထားပါသည်။

လစ်ဘရယ်စံနှုန်းများနှင့် အခြေခံမူများအပေါ် ကတိက၀တ်နှင့် ယုံကြည်မှုတို့ဖြင့် အန်ဒိုရာ လစ်ဘရယ်ကြေညာစာတမ်း အနက်မှ စံနှုန်းတစ်ခုအား ကောက်နှုတ်ဖော်ပြပါသည်။  

သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာနှင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်တို့ကို ကာကွယ်ရေး

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် လစ်ဘရယ် ဒီမိုကရေစီတွင် အဓိကကျသည်။

နိုင်ငံအားလုံးအတွက် အခက်အခဲမရှိ၊ သတင်းလက်လှမ်းမီခွင့်နှင့် ဖြန့်ချိခွင့်တို့အပြင် ၊အစိုးရ၏ နှောင့်ယှက်ခြင်းမှ ကင်း၍ ၊လွတ်လပ်ခွင့်ကို မြှင့်တင်ပေးသည့်စည်းမျဥ်း မူဘောင်တစ်ရပ်ဖြင့် ကာကွယ်ပေးထားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို  လစ်ဘရယ်များမှ ထောက်ခံအားပေးပါသည်။

နည်းပညာသစ်များကြောင့် သတင်းအချက်အလက် စုဆောင်း၊သိမ်းဆည်းမှု သိသိသာသာပိုမို များပြားလာသည်နှင့် အမျှ တစ်ဦးချင်း၏ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များ၏ ဂုဏ်သိက္ခာ၊ အွန်လိုင်းတွင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနှင့် လေ့လာစောင့်ကြည့်မှုမှ ကင်းလွတ်ခွင့်နှင့် မည်သည့် ဆက်သွဘ်ရေ ကြားခံကို အသုံးပြုသည်ဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားပေးခြင်းတို့ကြောင့် ထိခိုက်နစ်နာသော နိုင်ငံသားများအတွက် နစ်နာကြေးခံစားပိုင်ခွင့် စသည်တို့ကို အာမခံသည့် စည်းမျဥ်းအခြေပြုမူဘောင်တစ်ခု ရှိစေရန် လစ်ဘရယ်များက သန္နိဌာန် ချထားပါသည်။ မီဒီယာနှင့် ပြည်သူလူထုအား အစိုးရဌာနဆိုင်ရာများအပေါ် ထိန်းချုပ်နိုင်စွမ်းရှိလာစေရန် ၊ အဆင့်တိုင်းတွင် အများပြည်သူနှင့် ဒီမိုကရေစီ အင်စတီကျူးရှင်း ဆိုင်ရာ အရေးကိစ္စများနှင့် စပ်လျဥ်းသည့် သတင်းအချက်အလက်များ ရပိုင်ခွင့် ရှိစေရန် အရေးကြီးပါသည်။

အဆိုပါလွတ်လပ်ခွင့်များနှင့် တစ်ဦးချင်းအား ကာကွယ်စောင့်ရှောက်မှုများသည် လွတ်လပ်စွာ ထင်မြင်ယူဆ ပိုင်ခွင့်နှင့် လွတ်လပ်စွာ စု‌ ‌‌‌‌‌ေ၀းခွင့်တို့အပေါ်တည်ဆောက်ထားသည့် လွတ်လပ်သော လူ့အဖွဲ့အစည်းအတွက် အဓိက အကျဆုံးသော အခြေခံ ပုံသဏ္ဌာန်များဖြစ်ကြောင်းကို လစ်ဘရယ်များက ယုံကြည်ကြပါသည်။

Ref: လစ်ဘရယ်ကြေငြာစာတမ်း