DE

Reshape Europe
ယူကရိန်းကျူးကျော်စစ်မှာ အာဆီယံ-ဥရောပသမဂ္ဂရဲ့ ဆက်ဆံရေးကို မီးမောင်းထိုးပြမှု

europe

အာဆီယံ-အီးယူရဲ့ လွတ်လပ်စွာကုန်သွယ်မှုစာချုပ်အရ အရှေ့တောင်အာရှမှာ အီးယူရဲ့ ကုန်သွယ်မှုဟာ လူပေါင်း သန်း၆၆၀ နဲ့ GDP ၃ ထရီလီယံခန့် ဆက်နွယ်မှုရှိနိုင်ပါတယ်။​ FNF နဲ့ Asia Center က အာဆီယံ၊ အီးယူဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ပေါ်လစီပေပါတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။​

ဇွန်လအတွင်းက ဘန်ကောက်မှာပြုလုပ်တဲ့ ASEAN-EU Relations in Light of the War in Ukraine ကွန်ဖရန့်မှာAsia Centre က  James Gomez နဲ့ Robin Ramcharan တို့ကနေ နိုင်ငံရေးဆိုင်ရာတင်းမာမှုတွေ၊ ဒေသတွင်းအကြောင်းအရာ၊ကုန်သွယ်မှုနဲ့တန်ဖိုးတွေပါဝင်တဲ့ ပေါ်လစီပေပါကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ-အီးယူ ကုန်သွယ်ညှိနှိုင်းမှုတွေဟာ FTA ဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းဗျူဟာအရစိတ်ဝင်စားမှုအပိုင်းမှာပါ လုပ်ဆောင်နိုင်မှာဖြစ်တာကြောင့်စတင်သင့်တယ်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

ပေါ်လစီစာစောင်ရေးသားသူ နှစ်ဦးက ညှိနှိုင်းမှုတွေက လုပ်ဆောင်သင့်ပြီးတော့ စံချိန်နဲ့တန်ဖိုးတွေအပေါ်မှာရေရှည်ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

သို့သော်ငြားလည်း အီးယူအနေနဲ့ အာဆီယံ ကို အီးယူစံချိန်စံနှုန်းများနဲ့ တန်ဖိုးမြှင့်အခြေခံပူးပေါင်းမှုကို ဦးတည်တဲ့ အရာတစ်ခုအဖြစ် ဖော်ပြခဲ့ကြပါတယ်။

ပေါ်လစီပေပါကို ယခုလင့်မှတဆင့် ဖတ်ရှုနိုင်ပါသည်။