DE

Privacy ဆိုင်ရာတစ်ကွက်ကာတွန်း မိတ်ဆက်

Privacy Cartoon

Friedrich Naumann Foundation Myanmar နှင့်ဆိုက်ဘာဘေးကင်းအဖွဲ့တို့ပူးပေါင်းကာ မြန်မာနိုင်ငံရှိ ကာတွန်းဆရာ ၃၀ ဦးတို့ ရေးဆွဲထားသော privacy နှင့်ပတ်သက်သည့် တကွက်ကာတွန်း ၃၈ ကွက်ဖြင့် social media campaign တစ်ခုကို မိတ်ဆက်လိုပါသည်။ ဤကာတွန်းဆရာများထဲတွင် နာမည်ကြီးကာတွန်းဆရာများဖြစ်သည့် အော်ပီကျယ်၊ မောင်မောင်ဖောင်တိန်နှင့် လဂွမ်းအိမ်ကဲ့သို့သော ကာတွန်းဆရာများ ပါဝင်သည်။

ကာတွန်းများကို privacy ဆိုင်ရာ အထွေထွေသိကောင်းစရာများ၊ အချက်အလက်ခိုးယူမှုများ၊ လုံခြုံရေးနှင့် တစ်ကိုယ်ရေဆိုင်ရာနေရာများဟူ၍ ၄ ပိုင်းခွဲခြားထားသည်။ အပတ်စဉ်အင်္ဂါနေ့ မနက် ၁၀ နာရီတိုင်းတွင် ကာတွန်းများကို FNF Myanmarနှင့် ဆိုက်ဘာဘေးကင်း Facebook စာမျက်နှာများတွင် ဖော်ပြသွားမည်ဖြစ်သည်။ ဤ campaign သည် လေးပတ်ကြာ ကြာမြင့်မည်ဖြစ်သည်။

Facebook အသုံးပြုသူများအနေဖြင့် အင်္ဂါနေ့မှစ၍ နောက်တစ်ပတ် တနင်္လာနေ့အထိ ကာတွန်းများကို like ၊ share နှင့် comment ပေးပို့မှုများလုပ်ကာ campaign တွင် ပါဝင်ဆင်နွှဲခြင်းဖြင့် လက်ဆောင်များ ရယူနိုင်သည်။ အပတ်စဉ်တနင်္လာနေ့ နေ့လည် ၃ နာရီတွင် ကာတွန်းဆရာတစ်ယောက်မှ ၎င်းကာတွန်းအကြောင်း ရှင်းပြထားသည့် video clip တွင် လက်ဆောင်ရရှိသူ ၁၂ ယောက်အား ကြေညာပေးမည်ဖြစ်သည်။ ကာတွန်းဆရာများသည် ၎င်းတို့ ကာတွန်းရေးဆွဲခြင်းကို မည်သို့မည်ပုံအိုင်ဒီယာရကြောင်း၊ မည်သည်က လွှမ်းမိုးမှုရှိကြောင်းတို့ကို ပြောပြသွားမည်ဖြစ်သည်။

လက်ဆောင်ရရှိသူသည် ကာတွန်းစာအုပ်၊ FNF မှထုတ်လုပ်ထားသည် ကိုဗစ်ကာကွယ်ရေးပိုက်ဆံအိတ်နှင့် powerbank တစ်ခု ရရှိမည်ဖြစ်သည်။

ကာတွန်းများအားလုံးကို FNF Myanmarနှင့် ဆိုက်ဘာဘေးကင်း website များတွင်လည်း ဖော်ပြထားမည်ဖြစ်သည်။