DE

ဂိမ်းကနေ တစ်ဆင့် civic education အတွက် တီထွင်ဖန်တီးဆန်းသစ်မှု ပေးနိုင်မလား ??

FNF Myanmar ရဲ့ မိတ်ဖက်အဖွဲ့အစည်းများကို သင်တန်းပို့ချ ပေးခဲ့ပါတယ်
FNFMyanmar

ဂိမ်းကနေ တစ်ဆင့် civic educationအတွက် တီထွင်ဖန်တီးဆန်းသစ်မှု ပေးနိုင်မလား ??

ဘုတ်ဂိမ်းနဲ့ ဒစ်ဂျစ်တယ်ဂိမ်းအတွက် ဂိမ်းဒီဇိုင်းတီထွင်ဖန်တီးခြင်းworkshop ကို ဇနျနဝါရီ ၂၇ ရကျနေ့ကနေ ၃၀ ရကျနေ့အထိ ပဲခူးက ကမ်ဘောဇဟသျာဟိုတယျမှာFriedrich Naumann Foundation Myanmar ရဲ့ ပံ့ပိုးမှုနဲ့အတူကျင်းပခဲ့ပါတယ်။ 

Estonia က Tanlinn University က lecturer and Researcher တစ်ဦးဖြစ်သူ Martin Silloatsက ဦးဆောင်ပြီး ဂိမ်းကစားနည်းစနစ်၊ ဂိမ်းတစ်ခုကိုဒီဇိုင်းပုံဖော်ခြင်း ၊ဂိမ်းcore mechanics ၊ဇာတ်ကောင်တည်ဆောက်ခြင်း၊ ဂိမ်းဒီဇိုင်းတည်ဆောက်ခြင်း တွေကို FNF Myanmar ရဲ့  မိတ်ဖက်အဖွဲ့အစည်းများကို သင်တန်းပို့ချ ပေးခဲ့ပါတယ်။

FNF Myanmar ဟာ အဆိုပါ ဂိမ်းဒီဇိုင်းသင်တန်းကို ပါတနာအဖွဲ့အစည်းများကို ပိုမိုထိရောက်တဲ့ ဆန်းသစ်မှုမျိုးဖြစ်စေဖို့နဲ့ လစ်ဘရယ်သဘောတရားများ ဖြန့် ဝေဖို့အတွက် ရည်ရွယ်ပြီး ပံ့ပိုးထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဂိမ်းဒီဇိုင်းသင်တန်းက ပြည်သူလူထုအကြား တကယ့်လူမှုဖြတ်သန်း ပုံစံများအတိုင်း နီးစပ်စေဖို့ နဲ့ ဖျော်ဖြေရေးနဲ့ စိတ်ဝင်စားမှုများပြားလာစေဖို့ အတွက် ရည်ရွယ်ပါတယ်။

Martin Sillaotsရဲ့ အနီးကြပ်ကြီးကြပ်မှုနဲ့ အတူ အသင်းတစ်သင်းစီစုဖွဲ့ ပြီး သူတို့ကိုယ်ပိုင် Game Concept တစ်ခုစီလုပ်ဆောင်စေခဲ့ပြီးတော့ သင်တန်းအပြီးမှာ ဂိမ်းဒီဇိုင်းပုံစံတစ်ခုစီကို ဖန်တီးခဲ့ကြပါတယ်။

FNF Myanmar အနေနဲ့ အဆိုပါ အဖွဲ့များထဲမှ ကိုက်ညီသူတစ်ဖွဲ့ကို ထောက်ပံ့ကြေးပေးအပ်သွားမှာ ဖြစ်ပါတယ်။ Game Design တက်ရောက်ခဲ့ကြသူပေါင်း ၂၂ ဦးရှိခဲ့ပြီးတော့ ဖောင်ဒေးရှင်းကို ဂိမ်းဒီဇိုင်းငါးခု တင်ပြခဲ့ကြပါတယ်။ 

FNFMyanmar