DE

Digital Courage Award (မြန်မာ)

အပြောင်းအလဲတစ်ခုကို တွန်းခဲ့သူတွေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာမှာ အသိအမှတ်ပြုချီးမြှင့်ရန်နှင့် အခြားသူတွေအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတို့တိုက်ပွဲဝင်ခဲ့ကြသူတွေအတွက် Digital Courage Award ကို FNF Myanmar ကပေးအပ်မှာပါ။
Digital Courage Award

လူထုအတွက် ကောင်းကျိုးပြုနေသူတွေကို Friedrich Naumann Foundation for Freedom (FNF) ကနေ စီမံကိန်းပံ့ပိုးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ ကိုပံ့ပိုးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

ဒါကတော့ Digital Courage Award လို့ခေါ်ပါတယ်။

လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတို့မှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ လူသိမများ၊မထင်ရှားခဲ့တဲ့သူရဲကောင်းတွေရှိနေပါတယ်။ သူတို့တွေက ရသင့်တဲ့အသိအမှတ်ပြုမှုတွေမရခဲ့ဘဲ သမိုင်းကြောင်းမှာ မှေးမှိန်ခဲ့ရပါတယ်။ သူတို့တွေမှာ နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်တွေပါသလို အပြင်က သာမန်လူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

အပြောင်းအလဲတစ်ခုကို တွန်းခဲ့သူတွေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာမှာ အသိအမှတ်ပြုချီးမြှင့်ရန်နှင့် အခြားသူတွေအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတို့တိုက်ပွဲဝင်ခဲ့ကြသူတွေအတွက် Digital Courage Award ကို FNF Myanmar ကနေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

ကိုယ်နေရာပါတ်ဝန်းကျင်က အပြောင်းအလဲလုပ်ဆောင်နေသူတွေကို ထောက်ပံ့ကြေးရစေဖို့အတွက် ဒီလင့်ကနေ အဆိုပြုနိုင်ပါတယ်။

ဆုအတွက် အမည်စာရင်းတင်သွင်းတာကိုတော့ ကိုယ်တိုင်မဟုတ်ဘဲ အခြားမည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းကမဆို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့သူကိုတော့ နိုဝင်ဘာလမှာပြုလုပ်မယ့် အခမ်းအနားမှာ ထောက်ပံ့ကြေးငွေ ပေးအပ်မှာဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခြင်းအတွက် သတ်မှတ်ချက်များ

(၁)အမည်စာရင်းတင်သွင်းခံရသူသည် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ရမည် ဖြစ်ပြီး ထိုသူ/အဖွဲ့အစည်းသည် ဒီဂျစ်တယ်အသိုင်းအဝန်းတွင် လူအများအတွက် တစုံတခုကို သတ္တိပြောင်မြောက်စွာ လုပ်ဆောင်ခဲ့ရမည်။

(၂)အကယ်၍ အမည်စာရင်းတင်သွင်းခံရသူသည် အထက်ဖော်ပြပါ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ယင်းကို စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသော အမည်စာရင်းတင်သွင်းမှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စိစစ်ရွေးချယ်သည့် လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။

အနိုင်ရသူကို ရွေးချယ်ခြင်း

(၁)ဘက်လိုက်မှုမရှိသော အကဲဖြတ်အဖွဲ့မှနေ၍ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသော အမည်စာရင်း တင်သွင်းမှု များကို စိစစ်မည်ဖြစ်ပြီး စကာတင် ၁၀ ဦးကို ရွေးချယ်မည်ဖြစ်ပါသည်။ ထိုသူများကို အချက်သုံးချက်ပါ အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်သုံးသတ်မည် ဖြစ်သည်။
- သတ္တိရှိမှု
- လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ခြင်း
- အများအတွက် စံပြဖြစ်နိုင်မှု

(၂)အကဲဖြတ်အဖွဲ့မှ အနိုင်ရရှိသူ၊ ဒုတိယရရှိသူ၊ တတိယရရှိသူများကို ရွေးချယ်မည်ဖြစ်ပြီး ထိုသူများသည် နိုဝင်ဘာလ လအတွင်းပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားသို့ ဖိတ်ကြားခြင်း ခံရမည် ဖြစ်သည်။

အနိုင်ရရှိသူကို FNF မှ ဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်တို့နှင့်အတူ လုပ်ငန်းထောက်ပံ့ငွေအမေရိကန်ဒေါ်လာ ၂၀၀၀ ကို ချီးမြှင့်မည် ဖြစ်ပါသည်။ ဒုတိယနှင့် တတိယရရှိသူများကို FNF မှ ဆုတံဆိပ်နှင့် အသိအမှတ်ပြုလက်မှတ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။

ဆက်သွယ်စုံစမ်းရန်

အချက်အလက်များ ထပ်မံသိရှိလိုပါက အောင်သူဟိန်း ဖုန်း - ၀၉၄၂၀၁၂၂၄၉၀၊ aung_thu.hein@fnst.org သို့မဟုတ် ခင်လွတ်လပ်ထွန်း ဖုန်း - ၀၉၄၂၁၀၈၄၅၅၈၊ khinluttlatt.tun@fnst.org သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။