အောက်တိုဘာ ၅ ရက်နေ့မှာကျင်းပတဲ့ Living Freedom Songwriting Contest

အောက်တိုဘာ ၅ ရက်နေ့မှာကျင်းပတဲ့ Living Freedom Songwriting Contest ပြိုင်ပွဲတွင် Born Free သီချင်းဖြင့် aether အဖွဲ့ အနိုင်ရရှိ
Jubliee Tun, Candice နဲ့ Myu Jue စတဲ့အဖွဲ့ဝင်သုံးဦးနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ Aether အဖွဲ့၏ born free သီချင်းဟာ အောက်တိုဘာ ၅ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ living freedom သီချင်းပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
ပြိုင်ပွဲမှာ အဖွဲ့ငါးဖွဲ့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတော့ ပေါ့ပ်သီချင်း (၃) ပုဒ်၊ punk metal (၁)ပုဒ်၊ pop-musical သီချင်း (၁)ပုဒ်တို့က မြန်မာနိုင်ငံရဲ့ ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ Aether ကတော့ ဒိုင်သုံးယောက်ရဲ့အဆုံးအဖြတ်နဲ့ အွန်လိုင်းမဲမေးစနစ် ၃၀ ရာခိုင်နှုန်းတို့ရဲ့ အဆုံးအဖြတ်နဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ သူတို့သီချင်းဟာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ရဲ့ အသံစွမ်းအား ကောင်းမွန်မှုတို့နဲ့အတူ ပေါင်းစပ်ထားတဲ့ pop-musical သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Living Freedom Songwriting Contest သီချင်းပွဲတော်ဟာ တရားဉပဒေစိုးမိုးရေးမှာ ပြည်သူတွေပါဝင်မှုက အရးကြီးပုံကို ဖော်ပြချင်တာဖြစ်ပြီးတော့ နေ့စဉ်ဘဝမှာ လွတ်လပ်မှုရဲ့အရေးကြီးပုံကိုပါ သိစေချင်တာဖြစ်ပါတယ်။ လွတ်လပ်မှုဟာ ကြောက်ရွံ့ခြင်းရဲ့ အခြားတစ်ဖက်မှာတည်ရှိနေတယ်ဆိုတဲ့ သဘောတရားကို ထင်ဟပ်ပြသချင်တဲ့ သဘောတရားဖြစ်သလို ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်တည်ဆောက်ရမှာဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ အကောင်းမြင်ဖို့အတွက်လည်း စိတ်စွမ်းအင်တွေကို တွန်းအားပေးသလို အခွင့်အလမ်းသစ်တွေနဲ့ အကောင်းဆုံးဖြစ်ဖို့ကို လည်း တွန်းအားပေးချင်တာလည်းဖြစ်ပါတယ်။ ဒီပွဲဟာ စည်းလုံးမှု၊ လွတ်လပ်မှုက အဓိကဖြစ်စေဖို့လည်း ရည်ရွယ်ထားပါတယ်။
ပြိုင်ပွဲကိုတော့ ဂျာမန်အခြေစိုက် Friedrich Naumann Foundation for Freedom (FNF) နဲ့အတူ မြန်မာ၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားအပါအဝင်နိုင်ငံပေါင်း ၅၀ ကျော်က ရုံးခွဲတွေရဲ့ပူးပေါင်းမှုနဲ့အတူ ကျင်းပတာဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီမှာ အရှေ့တောင်အာရှ အွန်လိုင်းပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံရတဲ့သီချင်းက အခြားသော နိုင်ငံတကာ ပြိုင်ပွဲဝင်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။