DE

FNF Myanmar က cyber and Privacy safety နှင့်ပတ်သက်သည့်ကာတွန်းများကို မိတ်ဆက်မည်

နာမည်ကြီးကာတွန်းဆရာများ၏လက်ရာတွေနဲ့ ပုံနှိပ်ထုတ်‌ဝေသွားမှာ ဖြစ်ပါတယ်
FNF Myanmar

FNF Myanmar ၏ ထောက်ပံ့မှုနဲ့ Cyber Baykin ၊ Kernellix အဖွဲ့တို့နှင့် အတူ နည်းပညာခေတ်တွင် လုံခြုံဘေးကင်းမှုနှင့် သက်ဆိုင်သည့် ကာတွန်းများကို မြန်မာနိုင်ငံမှ နာမည်ကြီးကာတွန်းဆရာများ၏လက်ရာတွေနဲ့ ပုံနှိပ်ထုတ်‌ဝေသွားမှာ ဖြစ်ပါတယ်။

“ FNF Myanmar ရဲ့ထောက်ပံ့မှုနဲ့အတူ နည်းပညာခေတ်မှာ privacy နဲ့ cyber safety နဲ့ပတ်သက်တာတွေကို ကာတွန်းဆရာတွေနဲ့ အရင်ဆုံးဆွေးနွေးတယ်။နောက်ပြီးရင် ဒီက ရတဲ့အချက်အလက်တွေနဲ့အတူ စာအုပ်ထုတ်မှာဖြစ်သလို အွန်လိုင်းကနေ ဖြန့်ချိသွားမှာဖြစ်ပါတယ် ” လို့ Cyber Baykin အဖွဲ့က ဥ◌ီးဆောင်သူကိုရဲသူရသက်က ပြောပါတယ်။

လူတိုင်းသိရှိထားဖို့လိုအပ်တဲ့ ဒစ်ဂျစ်တယ်လုံခြုံမှုဆိုင်ရာများ၊ စမတ်ဖုန်းအသုံးများလာမှုနှင့်အတူ privacy နှင့်ပတ်သက်သည့် အကြောင်းအရာများအပေါ် ကာတွန်းသရုပ်ဖော်များဖြင့် အများပြည်သူ နားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပါတယ်။

“ ကျွန်မတို့ FNF Myanmar က နည်းပညာခေတ်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေနဲ့ ပတ်သက်ပြီး ပိုသိစေဖို့နဲ့ မီဒီယာသတင်းအချက်အလက်တွေ အကြောင်းကို ပိုသိစေဖို့ ဒီနှစ်အတွင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆိုက်ဘာဘေးကင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ကာတွန်းတွေက ကျွန်မတို့ ဒီနှစ်မှာ လုပ်ဆောင်မယ့် အရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ” လို့ FNF Myanmar က Executive Programme Manager ဖြစ်သူ မနှင်းဝင့်နိုင်က ပြောပါတယ်။

FNFMyanmar က အဆိုပါကာတွန်းအစီအစဥ◌်နဲ့ ပတ်သက်ပြီး ကာတွန်းဆရာများအသင်းနှင့် Privacy in the digital age အမည်ရှိ workshop ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါကာတွန်းများတွင် မိမိနှင့် ပတ်သက်သည့်အကြောင်းအရာများကို မည်သည့်အတိုင်းအတာအထိ အခြားသူများအပေါ် ဝေမျှမလဲဆိုသည့် အချက်များ၊ လူမှုအဖွဲ့အစည်းတွင် privacy အပေါ်နားလည်ထားမှုအပြင် နည်းပညာတိုးတက်မှုနှင့် ထပ်တူ privacy အပေါ်ဘယ်လို သက်ရောက်မှုရှိနေသလဲဆိုသည့်အချက်များကို ကာတွန်းဆရာပေါင်း ၃၀ ကျော်ခန့်က ပါဝင်ရေးဆွဲသွားမှာဖြစ်ပါတယ်။