DE

Falling Walls Lab Myanmar 2020

Falling Walls တွင်ပါဝင်လျှောက်ထားပါ။
FNFMyanmar

Falling Walls Lab Myanmar 2020 တွင် ထူးချွန်ထက်မြတ်သည့် အတွေးအခေါ်ရှိသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။

ဂျာမနီတွင်ကျင်းပမည့်  နိုင်ငံတကာပြိုင်ပွဲဝင်ပေါင်း အယောက် ၁၀၀ အနက်တစ်ဦးဖြစ်စေဖို့ရည်ရွယ်သည့် Falling Walls Lab Myanmar 2020တွင်ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။

Falling Walls Foundation မှထောက်ပံ့ပေးထားသည့် ယခုပြိုင်ပွဲတွင် ပါဝင်စာရင်းပေးသွင်းဖို့ www.falling-walls.com/lab/apply မှတစ်ဆင့်လျှောက်ထားနိုင်ရန် တိုက်တွန်းလိုပါသည်။

Falling Walls Lab

Falling Walls Lab ကိုပြည်တွင်းရှိ Friedrich Naumann Foundation Myanmar မှဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

မျိုးဆက်သစ်လူငယ်များ၏ မတူကွဲပြားသည့် အတွေးအခေါ်များ၊ ဆန်းသစ်မှုများကို နိုင်ငံတကာစင်မြင့်ထက်တွင် တင်ပြခွင့်ရရှိမည့်အပြင် အဆက်အသွယ်ကောင်းများရရှိနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။

မည်သူများဝင်ရောက်လျှောက်ထားနိုင်မည်နည်း?

  1. မိမိတွင် ထူးခြားသည့်အများအကျိုးပြု အတွေးအခေါ်ရှိသည်ဟု ယူဆသူများ
  2. မိမိနေထိုင်ရာပတ်ဝန်းကျင်အား မိမိ၏အတွေးအခေါ်မှတစ်ဆင့် တက်စွမ်းသမျှ ပါဝင်ပြောင်းလဲလိုသူများ
  3. သက်ဆိုင်ရာနယ်ပယ်များတွင် ထူးခြားသည့် အတွေးအခေါ်ကောင်းများဖြင့် ပြုပြင်ပြောင်းလဲလိုသူများ (စိုက်ပျိုးရေး၊ ဆေးသိပ္ပံ၊ သဘာဝသိပ္ပံ စသည့် နယ်ပယ်များမှ  အတွေးအခေါ်များနှင့် သုတေသနတင်ပြမှုများကို ဖိတ်ခေါ်ပါသည်။

သတ်မှတ်ချက်များ

  1. BA ဘွဲ့ရရှိပြီးသူများအနေဖြင့် ဘွဲ့ရသည့် အချိန် ၁၀ နှစ်ထက် နောက်မကျသူ
  2. Master ဘွဲ့ရရှိပြီးသူများအနေဖြင့် ၇ နှစ်ထက် နောက်မကျပဲ ဘွဲ့ရရှိထားသူ၊ Ph.D ဘွဲ့ရရှိပြီးသူများအနေဖြင့် ငါးနှစ်ထက်ပိုပြီး ဘွဲ့ရရှိပြီးချိန် နောက်မကျသူ
  3. ဒေါက်တာဘွဲ့ရရှိပြီးသူများအပြင် တက္ကသိုလ်ကျောင်းသား၊သူများပါ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
  4. သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ယှဉ်ပြိုင်သူအားလုံးကို စိစစ်ကာ တာဝန်ယူထားသည့် သက်ဆိုင်ရာနိုင်ငံမှ အဖွဲ့အစည်းများကို ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် လိုအပ်ချက်များ

လျှောက်လွှာတင်မည့်သူများအနေဖြင့် www.falling-walls.com/lab/apply ယခုလင့်မှတစ်ဆင့် ပါဝင်လျှောက်ထားနိုင်ပါသည်။

Personal Data ကိုယ်ရေးအကျဉ်း

  1. မိမိ၏ပညာအရည်အချင်းနှင့်  ရရှိခဲ့ဖူးသည့် ဆုများ
  2. Motivation Letter
  3. မိမိအိုင်ဒီယာအား တင်ပြထားသည့် ပါဝင်ယှဉ်ပြိုင်မည့် အကြောင်းအရာ
  4. Falling Wall အကြောင်းကိုမည်သည့်နေရာမှ သိသနည်းဆိုသည့် ဖော်ပြချက်
  5. ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သုံးမိနစ်စာ presentation ကိုပြင်ဆင်ရမှာဖြစ်ကာ အဆိုပါ PPT Slide သုံးခုတွင် မိမိအကြောင်း၊ တင်ပြမည့် presentation  ၏ ခေါင်းစဉ်အပါအဝင် အကြောင်းအရာများ ပါဝင်ရမည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

  1. Falling walls  မှတစ်ဆင့် အရွေးချယ်ခံရကာ အနိုင်ရရှိမည့် ပြိုင်ပွဲဝင်အနေဖြင့် နိုင်ငံတကာ စွန့်ဦးတီထွင်များနှင့် ပညာရှင်များ၏ အဆက်အသွယ်ရရှိမည်ဖြစ်ပါသည်။
  2. ထူးချွန်သည့် သုတေသနပညာရှင်များနှင့်အတူ မိမိ အိုင်ဒီယာအား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
  3. နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ကို ရနိုင်ခြင်း။
  4. မိမိအတွေးအခေါ်အပါအဝင် မိမိလုပ်ကိုင်နေသည့် လုပ်ငန်းအတွက် ကောင်းမွန်သည့် ဆက်သွယ်မှုကွန်ယက် တစ်ခုတည်ဆောက်လာနိုင်ခြင်း။
  5. ဘာလင်ကိုသွားမည့်ခရီးစရိတ်နှင့်နေထိုင်စရိတ်အားလုံးကို အပြည့်အဝကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။
  6. နိုဝင်ဘာ ၈ ရက်နေ့တွင် နိုင်ငံတကာမှတက်ရောက်မည့် ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ထဲတွင် တစ်ယောက်အဖြစ် Lab Finale in Berlin တွင်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး
  7. နိုဝင်ဘာ ၉  ရက်နေ့တွင် ကမ္ဘာအနှံ့မှ ထင်ရှားသည့် သိပ္ပံညာရှင်များ၏ လက်ရှိ ကျော်လွှားဖြေရှင်းနိုင်သည့် သုတေသနအချက်များကို ၁၅ မိနစ်စာ တင်ပြမည့်  Falling Walls Conference  သို့တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။