DE

မျှဝေပါ
ကိုယ်တိုင်တွေ့ကြုံရတဲ့ အဖြစ်အပျက်များကို မျှဝေပြီး အများသူငါကို ခွန်အားဖြစ်စေဖို့ရည်ရွယ်တဲ့ Open Mic

OpenMic

Open Mic Campaign Day 

အဆိုပါအခြေအနေကို ဖြေရှင်းဖို့ FNF Myanmar က Call Me today ဆိုတဲ့အဖွဲ့နဲ့အတူ Open Mic ဆိုတဲ့ ပလက်ဖောင်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ပါဝင်သူတွေက သူတို့ ကြံုတွေ့ရသမျှစိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကို ဝေမျှခဲ့ကြပါတယ်။ သူတို့ကြုံတွေ့ရသမျှကို ပြန်ပြောင်းပြောဆိုရင်းနဲ့ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေ၊ အများသူငါသတ်မှတ်ထားတဲ့ စံနှုန်းတွေကနေ ပြောင်းခဲခဲ့ရတာတွေကို ပြောပြခဲ့ကြပါတယ်။ ဥပမာအားဖြင့် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ သတ်မှတ်ချက်တွေ၊ အိမ်တွင်းမှုအကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာခဲ့ရပုံတွေကို ပြန်လည်ဝေမျှခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ အိပ်မက်တွေနဲ့ ပန်းတိုင်တွေဆီ အေရာက်သွားနိုင်ဖို့ စိတ်ခွန်အားတက်ကြွဖွယ်ရာ ဇာတ်လမ်းများကိုလည်း ဝေမျှခဲ့ကြပါသေးတယ်။ တက်ရောက်သူပေါင်း ၁၃ ယောက်က သူတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ဝေမျှခဲ့ကြပါတယ်။ 

" ကျွန်တော့်ကိုမွေးတဲ့အမေကိုယ်တိုင်က တရုတ်မှာရောင်းစားခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လိင်တူစိတ်ဝင်စားသူလို့ကိုယ်တိုင်ခံယူခဲ့လို့ပါတဲ့။ ကျွန်တော့်မှာ မိသားစုမှာကော၊ ကျွန်တော့်ရဲ့ ဆက်ဆံရေးမှာပါ စိတ်ထိခိုက်စရာ တွေပဲ ဖြစ်ခဲ့တာပါ။ နောက်ဆုံးတော့ဒါကို ကျော်လွှားဖို့ နည်းလမ်းရခဲ့တယ်။ ကျွန်တော့်လိုအဖြစ်အပျက်မျိုးကြုံရသူတွေကိုပါ စိတ်ခွန်အားရစေဖို့ ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ဝေမျှချင်တာပါ" လို့ Open Mic မှာလာရောက်မျှဝေသူတစ်ဦးက ပြောပြခဲ့ပါတယ်။ 

" ကျွန်မက single mon တစ်ယောက်ပါ။ ပတ်ဝန်းကျင်ရဲ့ မွန်းကြပ်ပိတ်လှောင်တဲ့ အပြောအဆိုတွေကြား ပိတ်လှောင်ခဲ့ရတာပေါ့။ မိသားစုကလည်း ကျွန်မအခြေအနေကိုရှက်တယ်တဲ့။ ဒါကြောင့် အရမ်းအဆိပ်အတောက်များတဲ့ အဲ့ပတ်ဝန်းကျင်ကနေ စွန့်ခွာလာပြီး ကျွန််မဘဝကိုအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာစေခဲ့တယ်။ ကျွန်မလို single moms တွေကိုလည်း ကျွန်မအကြောင်းကနေ တစ်ဆင့် စိတ်ခွန်အားရစေချင်လို့ပါ" လို့ ပြောပြခဲ့ပါသေးတယ်။ 

open mic

ပွဲတက်ရောက်သူတွေကိုတော့ သူတို့ရဲ့ အများပြည်သူကိုဝေမျှဖို့နဲ့ ဇာတ်လမ်းပြန်ပြောင်းပြောဖို့သင်တန်းများကို ကြိုတင်တက်ရောက်စေခဲ့ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများရဲ့အကူညီကိုလည်း ဦးစွာရယူစေပြီးမှာသာ စင်ပေါ်သို့ပြောကြားစေခဲ့တာလည်းဖြစ်ပါတယ်။ တစ်ယောက်ချင်းစီဝေမျှမှုအပြီးမှာလည်း သက်ဆိုင်ရာဆရာများရဲ့ လမ်းညွန်မှုတွေကို တစ်ဦးချင်းစီကို ကူညီပေးခဲ့ပါသေးတယ်။ 

Open Mic ပါဝင်တဲ့ Liberal Human Rights Work 2022 အွန်လိုင်းစာစောင်ကို အောက်ပါလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။