စီးပွားရေးကဒ်ဂိမ်းမိတ်ဆက်
Aye Myat
Mon
ကဒ်များမှ တစ်ဆင့် ဘောဂဗေဒ ပညာရပ်ကို လေ့လာနိုင်မယ့် Land of Growth ကဒ်ဂိမ်းမိတ်ဆက်
စျေးကွက်စီးပွားရေးစနစ်ကို သိမြင်နားလည်ချင်သူများအတွက် FNF မှ စျေးကွက်စီးပွားရေးဂိမ်းတစ်ခုကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ FNF Myanmar ကမိတ်ဆက်ခဲ့ပါတယ်။ Land of Growth လို့ အမည်ပေးထားတဲ့ FNF Thailand ရုံးကဖန်တီးလုပ်ဆောင်ထားတာဖြစ်ပြီးတော့ အဆိုပါကဒ်ဂိမ်းဟာ အသုံးပြုရန် လွယ်ကူပြီးတော့ နားလည်လွယ်မယ့် ပုံစံတစ်ခုအနေနဲ့ စျေးကွက်
စီးပွားရေးပညာရပ်ဆိုင်ရာမှာ ပိုနားလည် သိမြင်လာစေဖို့ ရည်ရွယ်ပါတယ်။